ကချင်ပြည်နယ်၊မိုးညှင်းခရိုင်အတွင်း မိုးစပါးရိတ်သိမ်းပြီးစီးမှုနှင့် ဆန်စပါး ဈေးနှုန်းဈေးကွက် အခြေအနေ

Powered by Drupal

    ကချင်ပြည်နယ်၊မိုးညှင်းခရိုင်သည် ပြည်နယ်၏စပါးကျီဖြစ်သည်နှင့်အညီ မိုးစပါးကိုသာ အဓိကထားစိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးသည့် စပါးအမျိုးအစားများမှာ ဆင်းဧကရီ(၃)၊ ဧရာမင်း၊ငွေတိုး၊ ကောက်ညှင်းနှင့် တောင်ယာစပါးတို့ကို စိုက်ပျိုးကြပါသည်။၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်း မိုးစပါးစိုက်ဧက(၂၅၂၃၁၉)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ဒီဇင်ဘာလဒုတိယအပတ်အထိ (၂၄၇၂၀၄)ဧက ရိတ်သိမ်းပြီးစီးခဲ့ရာ  အထွက်နှုန်းအနေဖြင့်ပျမ်းမျှ (၇၇.၁၇)တင်း  ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။

    ကောက်သစ်စပါးဈေးနှုန်းများမှာ ငွေတိုးစပါးတစ်တင်းလျှင် ၂၀၀၀၀ကျပ်၊ ဧရာမင်း စပါးတစ်တင်းလျှင်၂၂၅၀၀ကျပ်၊ဆင်းဧကရီ(၃)စပါးတစ်တင်းလျှင် ၁၄၀၀၀ကျပ်နှင့် ဆင်းဧကရီ(၃) စပါးအဟောင်း တစ်တင်းလျှင် ၁၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ဆန်စျေးနှုန်းများမှာ ငွေတိုးဆန်တစ်ပြည်လျှင် ၄၈၀၀ကျပ်၊ ငွေတိုးဆန်တစ်အိတ်လျှင် ၁၀၆၀၀၀ကျပ် ၊ဧရာမင်းဆန်တစ်ပြည်လျှင် ၅၀၀၀ကျပ်၊ ဧရာမင်းဆန် တစ်အိတ်လျှင်  ၁၂၀၀၀၀ကျပ် ၊   ဆင်းဧကရီ(၃) တစ်ပြည်လျှင်၃၂၀၀ကျပ် ၊ဆင်းဧကရီ(၃)တစ်အိတ်လျှင် ၇၅၀၀၀ကျပ်၊ ပေါ်ဆန်းမွှေးတစ်ပြည်လျှင် ၅၂၀၀ကျပ်၊ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ကချင်)