ပခုက္ကူမြို့၊ အမှတ်(၅)၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အနီးကပ်ကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးနှင့်ဝန်ထမ်းများအဖွဲ့သည် စားသုံးသူပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ကြွယ်ဝစေရန်၊ အစားအသောက်၊ အသုံးအဆောင်ပစ္စည်းများကို မှန်ကန်စွာရွေးချယ်ဝယ်ယူတတ်စေရန်နှင့် စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဝန်ဆောင်မှုဆိုင်ရာ အသိပညာများရရှိစေရန်အတွက် (၁၁-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၁၅) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၅)၊ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ/ ဆရာမ(၇)ဦး၊ ကျောင်းသား/ကျောင်းသူ (၇၆)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

     ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဌာနမှ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက် ချက်များ၊ ဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခွင့်အရေးနှင့်တာဝန်များကိုသိရှိမှသာ ရယူနိုင်ပြီး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ် မလာနိုင်ကြောင်း၊ စိတ်ကျေနပ်မှုရပိုင်ခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်၊ သတင်းအချက်အလက်ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာအထောက်အထားရရယူပိုင်ခွင့်၊ စိတ်ကြိုက်ရွေးချယ်ခွင့်၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားခွင့်၊ အလျော်အစားရပိုင်ခွင့်နှင့်ကုစားခွင့်များ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများကို အသေးစိတ်ရှင်းလင်းခဲ့ပြီး ထိုအခွင့်အရေးများကိုရယူနိုင်မှသာ ကောင်းမွန်သာယာသောပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်များရရှိနိုင်မည်ဖြစ်ကြောင်း အသေးစိတ်ဟောပြောဆွေးနွေးခဲ့ပါသည်။

   ၎င်းနောက် ဒုတိယဦးစီးမှူး ဒေါ်ပပရွှေကလည်း ဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော "စားသုံးသူအခွင့်အရေးဦးစားပေး" ဆိုသည့်အတိုင်း ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အခွင့်အရေးများရယူတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားများကိုလည်း ကြည့်ရှုဝယ်ယူတတ်စေရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား(၈)ချက်အား ကျောင်းသား/ကျောင်းသူများအလွယ်တကူနားလည်နိုင်စေရန်အတွက် နမူနာမုန့်များဖြင့်ပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံသော ကုန်စည်များကိုဝယ်ယူသုံးစွဲလျှင် စားသုံးသူပြည်သူများအတွက် အခွင့်အရေးများပိုမိုရရှိလာနိုင်ကြောင်းနှင့် နစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်ကို တိုင်ကြားလိုလျှင် လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း၊ သက်သေခံအထောက်အထားများနှင့်အတူ တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့်သူများအကြောင်းကိုလည်း အသေးစိတ်သိရှိစေရန် ရှင်းလင်းဟောပြောခဲ့ပြီးနောက် ဟောပြောခဲ့သည့်အကြောင်းအရာများအနက် သိရှိနိုင်မှုစွမ်းရည်များကို အမေးအဖြေပြုလုပ်၍ ဖြေဆိုနိုင်သူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့‌ကြောင်းသိရှိရပါသည်။

DOCA(မကွေး)