ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူ‌ရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်  (၁၁-၁၂-၂၀၂၃) ရက်နေ့တွင် အ-ထ-က (၆)၊ အ-ထ-က (၉)၊ အ-လ-က (၇) ကျောင်းရှိ မုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချနေသောမုန့်များမှာ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ စားသုံးသူကာကွယ်ရေး ဥပဒေတွင်ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေတွင်ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုမရှိသည့် ထိုင်းဘာသာ၊ တရုတ်ဘာသာဖြင့်ဖော်ပြထားသော မုန့်မျိုးစုံ (၂၄) မျိုးတွေ့ရှိရသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မွန်)