ဘားအံမြို့ပေါ်ရှိ အ.မ.က (၅) တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်ဇာခြည်အောင်နှင့်ဝန်ထမ်းများသည် (၁၃-၁၂-၂၀၂၃) ရက်နေ့၊ ဗုဒ္ဓဟူးနေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အမှတ်(၅)၊ အခြေခံပညာမူလတန်းကျောင်း၌ "စားသောက်ကုန်ပစ္စည်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်” ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်ဇာခြည်အောင်က စားသုံးသူရေးရာဦးစီးဌာန၏ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းနှင့် ဒု-ဦးစီးမှူး ဒေါ်မေသဇင်ဖူးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးများအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အကြီးတန်းစာရေး ဒေါ်မိခင်သူဇာက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို ကျောင်းသား/ ကျောင်းသူများလွယ်ကူစွာသိရှိနိုင်ရန် မုန့်မျိုးစုံဖြင့် လက်တွေ့ရှင်းလင်းပြောကြားခဲ့ကာ ဆရာ/ ဆရာမ (၅) ဦး၊  ကျောင်းသား၊/ကျောင်းသူများ၊ စုစုပေါင်းဦးရေ (၁၅၀)ဦးတက်ရောက်ခဲ့ပြီး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)