ကော့မှူးမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများဝယ်ယူစားသုံးရာ၌ ဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျဝယ်ယူစားသုံးတတ်စေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့၊ နံနက် (၁၁:၀) နာရီအချိန်တွင် မြို့မစည်ပင်သာယာဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်ကာ လုပ်ငန်းရှင်များကိုတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းမပြုရေး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးအသိပညာပေး ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာမြို့မဈေး၏ အပြင်ရပ်ကွက်များရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများထံ အဓိကစားသောက်ကုန်ပစ္စည်းများဖြစ်သော စားသုံးဆီ၊ လူကြီးအဟာရဖြည့်စွက်စာအမျိုးမျိုးတို့ရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသောစားသောက်ကုန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံစွာမပါရှိသော စားသောက်ကုန်ပစ္စည်းများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ခွင့်ပြုချက်မပါရှိသော လူကြီးအာဟာရဖြည့်စွက်စာများ၊ သက်တမ်းလွန်နေသောအစာအသောက်များကို ရောင်းချခြင်းမပြုစေရေး စသည့်စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အကြံပြုဆွေးနွေးခဲ့ပြီး ဈေးကွက်အတွင်း  ရောင်းချခြင်းမပြုရန် မိမိတို့၏ဈေးဆိုင်အတွင်းဖြန့်ဖြူးရောင်းချခြင်းကိုတွေ့ရှိပါက သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

       အဆိုပါကွင်းဆင်းစစ်ဆေးခဲ့မှုတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ဝန်ထမ်းများပူးပေါင်းပါဝင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)