မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စားအုန်းဆီဖြန့်ဝေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဉီးစီးဌာနနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည် (၁၂-၁၂-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ တိုးချဲ့ရပ်ကွက်ရှိ စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းပေးနေသည့် ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များသို့ အမှန်တကယ်ရောင်း/မရောင်းအား သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့သွားရောက်ကွင်းဆင်းစစ်ဆေးရာတွင် လက်ကားစားအုန်းဆီကိုယ်စားလှယ်သည် လက်လီခွဲဝေပေးရသည့်ကုန်စုံဆိုင်များသို့ လိုက်ပါဆောင်ရွက်ပေးခဲ့ရာ ကုန်စုံဆိုင်အသီးသီးရှိ စားသုံးသူပြည်သူများ၏လက်ဝယ်သို့ အမှန်တကယ်ရောက်/မရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)