တိုက်ကြီးမြို့နယ်ရှိ ခမောက်လုပ်ငန်းအခြေအနေ

Powered by Drupal

    တိုက်ကြီးမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား၍လုပ်ကိုင်ကြသော်လည်း စိုက်ပျိုးရေးလုပ်ငန်းတွင်မပါမဖြစ်သော/ တောင်သူဦးကြီးများအသုံးပြုသော ခမောက်လုပ်ငန်းကိုလည်းလုပ်ကိုင်ဆောင်ရွက်ကြပါသည်။ မိသားစုစားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဝါးခမောက်လုပ်ငန်းလုပ်ကိုင်ခြင်းလည်းအပါအဝင်ဖြစ်ပါသည်။ ဝါးခမောက်လုပ်ငန်းကို အဓိကပြုလုပ်ရာတွင် ဝါးဘတ် ၅၀၀တစ်ထုံးကို (၁၆၀၀၀)ကျပ်ဖြင့်ဝယ်ယူ၍ ပါဝင်ဆက်စပ်ပစ္စည်း ဝါးဂွေ (၁)လိပ်ကို (၄၀၀၀)ကျပ်ဖြင့် (၂)လိပ်အသုံးပြုရပါသည်။ ခမောက်ချုပ် အပ်ချည် (၁၀)ဆယ်ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ ထိပ်ဖူးသံပြားဝိုင်း (၁၀၀)ခုလျှင် (၁၀၀၀)ကျပ်၊ ခမောက်ချည်တန်(ဝါးချောင်းသေး)တစ်ချောင်းလျှင် (၂၅၀၀)ကျပ်၊ ခမောက်အဖူးလုံးချုပ်ခ (၁၀၀)လုံးလျှင် (၂၀၀၀၀)ကျပ်၊ အဖူးအောက်ခြေခွေသော ဂွေတပ်ခမှာ (၂၀၀၀) ကျပ်၊ အရွက်လှည့်မှာ (၄၀၀၀)ကျပ်၊ အရွက်ချုပ်မှာ (၇၀၀၀)ကျပ်၊ ဂွေသယ်ခမှာ (၇၀၀၀)ကျပ်၊ အဖူး+အရွက် တွဲ (၆၀၀၀)ကျပ်၊ အလုံးအောက်ခြေဂွေသပ် (၂၅၀၀)ကျပ်၊ အရွက်ဘေးလှီးခ (၁၅၀၀)ကျပ်၊ ကပ်ဂွေ (၁၅၀၀)ကျပ်၊ ပေါ်လစ်တင် (၄၀၀၀)ကျပ်၊ ဆေးသုတ်ခ (၂၀၀၀၀)ကျပ်ကျ၍ ခါးဖတ် (၅၀၀)တစ်ထုံးလျှင် ခမောက် (၁၀၀)လုံးရရှိ၍ ခမောက်အလုံး (၁၀၀)လျှင် ကုန်ကျငွေ (၁၀၇၅၀၀)ကျပ်ကုန်ကျ၍ ခမောက်တစ်လုံးလျှင်း (၁၀၇၅)ကျပ်နှင့် သယ်ယူခ (၅၀)ကျပ်နှုန်းဖြင့် (၁၁၂၅)ကျပ်ကျသင့်ပါသည်။ ခမောက်တစ်လုံးလျှင် းလက်ကားရောင်းဈေး (၁၃၀၀)ကျပ်ဖြင့်ရောင်းချပြီး လက်လီဈေးကွက်တွင် (၁၅၀၀)ကျပ်နှုန်းဖြင့် တွင်တွင်ကျယ်ကျယ်ရောင်းချလျက်ရှိပါသည်။ ခေတ်နှင့်အညီ ပလတ်စတစ်ကော်ကပ်ရောင်းချမှုအပေါ်မူတည်၍ ဈေးနှုန်းကွာခြားချက်များရှိသော်လည်း ဝါးခမောက်စီးပွားရေးလုပ်ငန်းကို လုက်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)