ပုဇွန်တောင်မြို့နယ်ဈေးကွက်တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ  

Powered by Drupal

       ဒီဇင်ဘာလ၊ ဒုတိယပတ်အတွင်း ပုဇွန်တောင်မြို့နယ်၌ အခြေခံစားသောက်ကုန်များ ဖြစ်သော ဆန်ကြမ်း/ချော အမျိုးအစားအလိုက်   (ထိပ်စ/လတ်စ/နိမ့်စ )များတွင်  ဧည်မထ ၁အိတ်လျှင် (၈၇၅၀၀-၈၅၅၀၀-၈၀၀၀၀)ကျပ်၊ မနောသုခ ၁အိတ်လျှင် (၉၄၅၀၀-၉၀၀၀၀-၈၅၅၀၀ကျပ်)ထိ လည်းကောင်း၊ ရွှေဘိုပေါ်ဆန်းမွှေး ၁အိတ်လျှင် (၁၆၆၅၀၀-၁၆၂၀၀၀- ၁၅၇၀၀၀ ကျပ်)ထိ၊    ပေါ်ဆန်းမွှေး(ပုသိမ်) ၁အိတ်လျှင်  ၁၃၈၀၀၀ကျပ်) ဖြင့်လည်ကောင်း၊  ပေါ်ဆန်းမွှေး(ဖျာပုံ)၁အိတ်လျှင် ၁၃၅၅၀၀ ကျပ်ဖြင့်လည်းကောင်း၊  ပေါ်ဆန်းမွှေး(မြောင်းမြ) ၁အိတ်လျှင်  ၁၃၀၀၀၀ ကျပ် ဖြင့်လည်ကောင်း၊  စားအုန်းဆီ၁  ပိဿာလျှင် ၅၀၀၀ ၊ ပဲဆီ(ရှယ်) ၁ ပိဿာလျှင် (၁၅၀၀၀) ဖြင့်လည်း ကောင်း၊ ကြက်သွန်နီ ဆိုဒ်စုံ ၁ ပိဿာလျှင် (၃၈၀၀ -၅၂၀၀ -၅၄၀ဝ) ကျပ် ၊ ကြက်သွန်ဖြူ(ဥ) တလုံး ၁ ပိဿာလျှင် (၁၈၀၀ဝ-၂၀၀၀ဝ)ကျပ်၊ ကြက်သွန်ဖြူ(အမွှာ) ၁ ပိဿာလျှင် ၁၈၀၀ဝ)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁ ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ အာလူး ၁ ပိဿာလျှင် (၃၅၀၀ - ၃၈၀၀ )ကျပ်၊နနွင်းမှုန့် ၁ ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ နနွင်းတက် ၁ ပိဿာလျှင်(၇၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား/ ရိုးရိုး ဆား ၁ ထုပ်လျှင် (၅၀၀)ကျပ်၊ ငရုပ်တောင့် (ရှည်) ၁ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ငရုပ်တောင့်(ပု) ၁ ပိဿာ လျှင် (၂၄၀၀၀) ကျပ်၊ မြန်မာပဲနီလေး ၁ ပိဿာလျှင်(၁၃၀၀၀) ကျပ်၊ ပဲဝါလေး ၁ ပိဿာ လျှင် (၄၄၀၀) ကျပ်၊ကုလားပဲခြမ်း ၁ ပိဿာလျှင် (၆၄၀၀)ကျပ်၊ ချင်း ၁ ပိဿာလျှင် (၇၀၀၀ - ၈၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ပုဇွန်ခြောက်(ကြီး) ၁ ပိဿာလျှင် (၇၅၀၀၀) ကျပ်၊ ပုဇွန်ခြောက်(လတ်) ၁ ပိဿာလျှင် (၆၅၀၀၀) ကျပ်၊ ပုဇွန်ခြောက်(သေး) ၁ ပိဿာလျှင် (၅၀၀၀၀) ကျပ်နှင့် ငါးကျည်းခြောက် ၁ ပိဿာလျှင် (၆၅၀၀၀-၇၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။                                                                                                                                                                                                                                    အလားတူ ဝက်သား ၁ ပိဿာလျှင် (၁၆၀၀၀- ၁၇၀၀၀) ကျပ်၊ဘဲသား ၁ ပိဿာလျှင် (၁၃၀၀၀ -၁၄၀၀၀) ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် (၂၈၀၀၀) ကျပ်၊ အမဲသား၁ ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ မွေးမြူရေးကြက် ၁ ပိဿာလျှင် (၁၀၀၀၀-၁၁၀၀၀) ကျပ်၊မြန်မာကြက် ၁ ပိဿာလျှင် (၂၂၀၀၀-၂၃၀၀၀) ကျပ်၊ ငါးကြင်း ၁ ပိဿာလျှင် (၁၃၀၀၀-၁၅၀၀၀) ကျပ်၊ ငါးမြစ်ချင်း ၁ ပိဿာလျှင် (၇၀၀၀-၇၅၀၀) ကျပ်နှင့် ပင်လယ်ငါး ၁ပိဿာလျှင် (၆၀၀၀-၇၀၀၀) ကျပ်ထိ လည်ကောင်း ဈေးနှုန်းအသီးသီးဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်ဈေးအတွင်း အရောင်းဝယ်ဖြစ်လျက်ရှိကြောင်း သိရှိ ရပါသည်။

DOCA(ရန်ကုန်)