‌ကျေးဇူးတင်ဂုဏ်ယူခြင်းများစွာဖြင့် အောင်မြင်ခဲ့သော သတင်းဆောင်းပါးရေးသားနည်းသင်တန်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်သက်ဆိုင်သည့်သတင်းများ၊ ထုတ်ကုန်သတင်းများ၊ ကုန်သွယ်မှုနှင့်သက်ဆိုင်သည့်သတင်းများအား စနစ်တကျရေးသားနိုင်ရန်၊ သတင်းဆောင်းပါးများရေးသားရာတွင် ထိထိမိမိဖြင့်ရေးသားနိုင်ရေး၊ ရှောင်ရန်/ဆောင်ရန်များကို သိရှိလိုက်နာနိုင်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် နှင့် ဌာန၏ရည်မှန်းချက်တာဝန်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ကောင်းများဖြင့် “သတင်းဆောင်းပါးရေးသားနည်းသင်တန်း” ကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

    သတင်းဆောင်းပါးရေးသားနည်းသင်တန်းတွင်  အမျိုးသားစာပေဆုရ စာရေးဆရာကြီး ဦးမောင်ခြိမ့်၊ သတင်းမီဒီယာကောင်စီဥက္ကဋ္ထ မြင်းမူမောင်နိုင်မိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ နည်းပညာရှင် ဦးဌေးလင်းတို့က သင်တန်းနည်းပြများအဖြစ် သင်ကြားပို့ချခဲ့ကြပါသည်။

   သတင်းဆောင်းပါးရေးသားနည်းသင်တန်းကို (၇-၁၂-၂၀၂၃) ရက်နေ့မှ (၈-၁၂-၂၀၂၃) ရက်နေ့အထိဖွင့်လှစ်ကာ သင်တန်းသား(၁၈)ဦးနှင့် စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြများနှင့် ဌာနအကြား နွေးထွေးပျော်ရွှင်အောင်မြင်သော သင်တန်းတစ်ခုအဖြစ်ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ရန်ကုန်)