“ကော့မှူးမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များနှင့် ဆန်စက်များသို့သွားရောက်၍ ဆန်စပါးကြိတ်ခွဲရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး”

Powered by Drupal

  ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များ၊ ဆန်စက်များအား စပါးဝယ်ယူကြိတ်ခွဲဖြန့်ဖြူးရောင်းချနေမှု အခြေအနေနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရပ်ကွက်ကျေးရွာများတွင် လက်လီ/လက်ကား ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်ဆိုင်များ သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လတ်တလောနိုင်ငံရေးဖြစ်စဉ်များအပေါ်  သတင်းမှားများကိုအခြေခံ၍း ပြည်တွင်းဆန်ဈေးနှုန်းများ မတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်ရမည့်သတင်းအရ စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် ညွှန်ကြားထားသဖြင့် ကော့မှူးမြို့နယ်အခြေအနေအရ ရေလမ်းကြောင်းဖြင့်မဟုတ်ဘဲ ဧရာဝတီတိုင်းဒေသကြီးဘက်မှ ကုန်းလမ်းကြောင်းဖြင့်ဝင်ရောက်လာသည့် ဆန်ကုန်တင်ယာဉ်များအား သက်ဆိုင်ရာခရိုင်/ မြို့နယ်များမှ ဝင်ပေါက်ဂိတ်များတွင် ပူးပေါင်းအဖွဲ့ဖြင့်လည်းကောင်း၊ မြို့နယ်အတွင်းရှိ ဆန်စက်၊ သိုလှောင်ရုံများ၊ ဆန်နှင့်ဆန်ထွက်ပစ္စည်းအရောင်းဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တင်စေရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုများမရှိစေရန် ပူးပေါင်းအဖွဲ့ဖြင့် ဝါးဘလောက်သောက်ကျေးရွာရှိ (အောင်ဇေယျာဝင်း)ဆန်စက်၊ (ရွှေတိုးလေး)  ဆန်စက်တို့တွင် ဆန်စပါးကြိတ်ခွဲဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ ကျေးရွာအတွင်းရှိ ဆန်ဆိုင်များတွင် ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကိုစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား ဆန်ဈေးနှုန်းများမတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သိုလောင်ခြင်းဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန်နှင့် တွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)