“ကော့မှူးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်မျာတွင် စက်သုံးဆီရောင်းချနေမှုအခြေအနေအား ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးထွန်းဇော်မင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ ကော့မှူးမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်လမ်းမကြီး၊ မကျီးကန်ကျေးရွာတွင် စက်သုံးဆီရောင်းချပေးလျက်ရှိသော ရတနာဆီဆိုင်၊ ဗိုလ်ချုပ်လမ်း၊ ဇလုတ်ကြီးကျေးရွာမှ Max ဆီဆိုင်နှင့် ဗိုလ်ချုပ်လမ်းအဖျောက်ကျေးရွာရှိ ရွှေသရဖူဆီဆိုင်တို့တွင် စက်သုံးဆီရောင်းချနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ဗိုလ်မှူးထွန်းဇော်မင်းက မိမိတို့ဆီဆိုင်များအနေဖြင့် ယာဉ်များတန်းစီစောင့်ဆိုင်းဝယ်ယူနေရခြင်းရှိ/မရှိ၊ ခွဲတန်းအချိုးကျစနစ်ဖြင့် ရောင်းချနေမှုရှိ/မရှိ လုပ်ငန်းရှင်များနှင့် လယ်သမားများလာရောက်ဝယ်ယူရာတွင် အပြည့်အဝရောင်းချဖြန့်ဖြူးပေးနိုင်ခြင်းရှိ/မရှိတိုကိုမေးမြန်းခဲ့ရာ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိသူ မန်နေဂျာတို့သည် မိမိတို့၏ဆီဆိုင်တွင် သတ်မှတ်ထားသည့်ဆီခွဲတန်းများကိုလည်း အချိန်မီထုတ်ယူရရှိနေပါသဖြင့် မည်သည့်စက်သုံးဆီအမျိုးအစားကိုမဆို ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များနှင့် လယ်သမားများအား လိုသလောက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ယာဉ်တန်းစီတိုး၍ဝယ်ယူနေရသည့် အခြေအနေများမရှိကြောင်း ပြန်လည်ဖြေကြားခဲ့ကြပါသည်။ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ စက်သုံးဆီများရှိပါလျက်နှင့် ရောင်းချပေးခြင်းမရှိသော စက်သုံးဆီဆိုင်များအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း စက်သုံးဆီများ အဆင်ပြေလုံလောက်စွာဝယ်ယူဖြန့်ဖြူးနိုင်ရန်အတွက် ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရန် ရန်ကုန်တိုင်းစက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် သီလဝါသိုလှောင်ကန်စခန်းများမှစက်သုံးဆီများကို လုံလောက်စွာဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့၏ဆိုင်များတွင်လည်း ဆီရှိလျက်ဖြင့် ရောင်းချမပေးခြင်းများမပြုလုပ်ရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ပြီး စက်သုံးဆီဆိုင်များ၏ ဆီရောင်းချပေးနေမှုအား ကြည့်ရှုခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)