“ကော့မှူးမြို့နယ်တွင် တောင်သူများ ဆောင်းသီးနှံ မတ်ပဲစိုက်ပျိူးရန် ပြင်ဆင်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မိုးစပါးရိတ်သိမ်းပြီးသွားသော တောင်သူများသည် (၂၀၂၃-၂၀၂၄) ခုနှစ်၊ စိုက်ပျိုးရာသီဆောင်းသီနှံ မတ်ပဲစိုက်ပျိုးရန် ပြင်ဆင်လျက်ရှိကြောင်းသိရသည်။ မကျီးတန်းရပ်ကွက် ကာပလိန်းကွင်း၊ ကွင်းအမှတ် ၂၉၃၊ ဦးပိုင်အမှတ်(၁၀/၁)၊ (၁၀/၃) မှ ဦးအောင်မိုးနှင့်ဦးပြုံးပိုင် လယ်ယာမြေ (၁၀) ဧက မြေပြုပြင်နေမှုအခြေအနေအား ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ထွန်ရေးပြင်ဆင်နေသူ ဦးအောင်မိုးနှင့်ဦးပြုံးတို့က  မိမိတို့လယ်၌ စပါးရိတ်သိမ်းပြီးနောက် လယ်ယာမြေများထဲမှ ကောက်ရိုးမြတ်များကို မီးရှို့ရှင်းလင်းကြောင်း၊ ထို့နောက် သံလင်ပန်းတပ်ဆင်ထားသော ထွန်စက်ကြီးများဖြင့် မြေကြီးကို တစ်လွှာလှန်ထယ်ထိုးခြင်းလုပ်ငန်းကိုဆောင်ရွက်ထားကြောင်း၊ နောက်ထပ် နှစ်ရက်သုံးရက်မြေစိုင်ခဲများအဖြစ်ထားရှိကြောင်း၊ ကွန်ပေါင်းဓာတ်မြေဩဇာအမျိုးအစားကို မြေခံထားကာ မြေစိုင်မြေခဲများကြေညက်အောင် နောက်ထပ်နှစ်လွှာမောင်းပြီးမှသာ မျိုးပဲကြဲကာ၊ ပဲမျိုးစေ့များဖုံးအုပ်၍ တလွှာထပ်မံထွန်ယက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်မန်နေဂျာ ဦးသက်နိုင်က မြေအမျိုးအစားပြုစုပျိုးထောင်မှုပုံစံ၊ စိုက်ပျိုးမှုနည်းစနစ်ကောင်းမှန်ရန်တို့နှင့် စိုက်ပျိုးချိန်၊ ဆွတ်ခူးချိန်တို့အား အချိန်မီစိုက်ပျိုးခူးဆွတ်နိုင်ရေး ပိုးမွှားများကျရောက်မှုရှိပါက အချိန်မီ ပိုးသတ်ဆေးပတ်ဖြန်းနိုင်ရေးတို့အား တောင်သူများသိရှိနိုင်ရန် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ဥက္ကဋ္ဌ ဗိုလ်မှူးထွန်းဇော်မင်း၊ ဒုတိယမြို့နယ်အုပ်ချူပ်ရေးမှူး ဦးစည်သူ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်မန်နေဂျာ ဦးသက်နိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးတင့်နှင့် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ် တာဝန်ခံဦးတင်မင်းတို့ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)