ပခုက္ကူမြို့မစည်ပင်ဈေး၌ ဒီဇင်ဘာလ (ပထမပတ်)တွင်ရောင်းချနေသော အ‌ခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်ဈေးတွင် ပခုက္ကူမြို့နယ်အတွင်းရှိရွာများနှင့် ကမ္မ၊ မြစ်ခြေရှိ နယ်များမှ ဟင်းသီးဟင်းရွက်ဈေးသည်များ၊ ပခုက္ကူကျွန်း၊ မြင်းကျွန်း၊ လေးလံကျွန်း၊ ဘောလုံးခုံကျွန်းတို့မှ လာရောက်အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးသည်များနှင့် အမှတ်(၂)ဈေးရှိ ဈေးသည်များထံမှသိရှိရပါသည်။

     ပခုက္ကူမြို့မဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရောင်းဝယ်နေသောကုန်စိမ်းသီးနှံများမှာ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ရခါးသီးနှင့် အခြားသီးနှံများ အရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင်ရောင်းချနေသာ ဈေးနှုန်းများမှာ ခရမ်းသီးတစ်ပိဿာဈေးမှာ ကျပ်(၂၂၀၀-၂၅၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၂၆၀၀-၂၈၀၀-၃၀၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၁၀၀-၂၅၀၀-၂၈၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၁၅၀၀-၁၆၀၀)၊  ငရုတ်သီးစိမ်း(ရွှေအပ်သီး) တစ်ပိဿာလျှင် ကျပ်(၄၅၀၀-၅၀၀၀)၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ် (၁၇၀၀၀-၁၈၀၀၀)၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ကျပ်(၇၄၀၀-၇၅၀၀)၊ ပန်းဂေါ်ဖီမှာ အပွင့်အရွယ်အစားကိုလိုက်၍ တစ်ပွင့်လျှင် ကျပ်(၈၀၀-၁၀၀၀)၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ်(၁၂၀၀-၁၅၀၀)၊ ဂေါ်ရခါးသီးတစ်လုံးလျှင် ကျပ်(၁၅၀)၊ ပဲတောင့်ရှည်တစ်ပိဿာလျှင် ကျပ်(၁၈၀၀-၂၀၀၀)၊ မုန်လာဥနီတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်(၁၀၀)၊ ကန်စွန်းရွက်တစ်စည်းလျှင် ကျပ်(၇၀-၈၀)၊ မြေပဲဆံတစ်ပိဿာလျှင် ကျပ် (၆၃၀၀-၆၅၀၀)၊ သကြားတစ်ပိဿာလျှင် ကျပ်(၃၈၀၀-၄၀၀၀)နှင့် ကြက်ဥတစ်ပိဿာလျှင် ကျပ်(၆၅၀၀)၊ အသားငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ အမဲသားတစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ်(၉၅၀၀-၁၀၀၀၀) စသည်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)