ပြည်ပဆန်သတင်း ( ၆-၁၁-၂၀၂၃ မှ ၁၂-၁၂-၂၀၂၃ အထိ)

Powered by Drupal

   ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀ မှတ် ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၆ ဖြင့် လည်းကောင်း  ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀ ဖြင့် လည်းကောင်း စျေးနှုန်း အနည်းငယ် မြင့်တက်သွားပြီး ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၆၃၁ ဖြင့် စျေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

     ဗီယက်နမ် ဆန်ဈေးနှုန်းများမှာ ၅ မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၇ ဖြင့် လည်း ကောင်း ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၇ ဖြင့် လည်းကောင်း စျေးနှုန်း မြင့်တက်လျက်ရှိပြီး ဆန်ကွဲ စျေးနှုန်း ဖော်ပြထားခြင်းမရှိပါ။

    အိန္ဒိယဆန်စျေးနှုန်းများမှာ ၅ မှတ် ဆန်နှင့် ၂၅ မှတ်ဆန် ဈေးနှုန်း ဖော်ပြထားခြင်းမရှိပါ။ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၇ ဖြင့် ကျဆင်း နေကြောင်း သိရှိရပါသည်။

    ပါကစ္စတန်ဆန်စျေးနှုန်းများမှာ ၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၂ ဖြင့်လည်းကောင်း ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၂ ဖြင့်လည်းကောင်း ပေါင်းဆန် စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၅၅၀ ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပြီး ဆန်ကွဲစျေးနှုန်း ဖော်ပြထားခြင်း မရှိပါ။

 

Source: Thai Rice Exporters Association

DOCA(ရန်ကုန်)