ဘုရင့်နောင်ကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံဈေးနှုန်း ဈေးကွက်

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၆.၁၂.၂၀၂၃ ရက်နေ့မှ ၁၂.၁၂.၂၀၂၃ ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံဈေးနှုန်းများမှာ ကုလားပဲဖြူလုံး ၁ ပိဿာလျှင် ၄၅၈၀/- ကျပ် မှ ၄၆၇၀/- ကျပ်ထိလည်းကောင်း၊ ကုလားပဲဖြူလုံးကြီး ၁ ပိဿာလျှင် ၄၆၆၅/- ကျပ် မှ ၄၇၅၀/- ကျပ်ထိလည်းကောင်း၊ စားတော်ပဲလုံး ၁ ပိဿာလျှင် ၆၃၃၀/- ကျပ်မှ ၆၈၃၅/- ကျပ်ထိလည်းကောင်း၊ ပဲတီစိမ်း ပခုက္ကူ(သစ်) ၁ ပိဿာလျှင် ၂၆၆၅/- ကျပ်မှ ၂၈၃၅/- ကျပ်ထိလည်းကောင်း၊ ပဲတီစိမ်း ခရမ်း ရွှေဝါ(ထိပ်စ) ၁ ပိဿာလျှင် ၃၇၅၀/- ကျပ်ဖြင့် လည်းကောင်း၊ ပဲတီစိမ်း ပဲခူး ရွှေဝါ ၁ ပိဿာလျှင် ၃၅၈၀/- ကျပ်ဖြင့်လည်းကောင်း၊ ပဲတီစိမ်း ဝါးခယ်မ ၁ ပိဿာလျှင် ၂၇၅၀/- ကျပ် မှ ၃၅၀၀/- ကျပ်ထိလည်းကောင်း၊ ပဲယင်းနီ ၁ ပိဿာလျှင် ၃၁၆၅/- ကျပ်ဖြင့်လည်းကောင်း၊ ပဲလွန်းဖြူ ပဲခူး ၁ ပိဿာလျှင် ၂၈၀၀/- ကျပ်မှ ၂၈၃၅/- ကျပ်ထိလည်းကောင်း၊ ပဲလွန်းဖြူ မြစ်ဝကျွန်းပေါ် (သစ်) ၁ ပိဿာလျှင် ၃၁၅၀/- ကျပ်မှ ၃၁၈၅/- ကျပ်ထိလည်းကောင်း၊ ပဲလွန်းနီ မြစ်ဝကျွန်းပေါ် ၁ ပိဿာလျှင် ၃၄၁၅/- ကျပ်မှ ၃၅၀၀/- ကျပ်ထိလည်းကောင်း၊ ဘိုကိတ်ပဲ ၁ ပိဿာလျှင် ၃၅၈၀/- ကျပ်မှ ၃၇၅၀/- ကျပ်ထိလည်းကောင်း၊ မတ်ပဲ RAW ၁ ပိဿာလျှင် ၄၇၃၀/- ကျပ်မှ ၄၇၇၀/- ကျပ်ထိလည်းကောင်း၊ ကုလားပဲခြမ်း ၁ ပိဿာလျှင် ၅၉၅၀/- ကျပ်မှ ၆၁၀၀/- ကျပ်ထိလည်းကောင်း ပဲကြီး(ကုန်း) ၁ ပိဿာလျင် ၆၀၈၅/- ကျပ်မှ ၆၄၃၅/- ကျပ်ထိလည်းကောင်း၊ ပဲကြီး(ရွှေကျွန်း) ၁ ပိဿာလျင် ၆၉၀၀/- ကျပ်မှ ၇၀၈၀/- ကျပ် ထိလည်းကောင်း  အသီးသီးဖြစ်ပေါ်ခဲ့ပြီး အချို့ပဲများမှာဈေးနှုန်းအနည်းငယ် အတက်အကျ ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)