ပခုက္ကူခရိုင်အတွင်း ဒီဇင်ဘာလ(ပထမပတ်)၌ဖြစ်ပေါ်နေသော မြေပဲဆံ၊ မြေပဲဆုံဆီဈေးနှုန်းဈေးကွက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့်နှမ်းကို အဓိကစိုက်ပျိုးကြပါသည်။ ယခုအခါတွင် သုံးလမြေပဲများဖြိုင်ဖြိုင်ပေါ်နေပြီး မြေပဲဆံဈေးမှာလည်း အနည်းငယ်ကျဆင်းကြောင်းသိရှိရပါသည်။ ပခုက္ကူခရိုင်အတွင်းသို့ မြိုင်မြို့နယ်ရှိရွာများ၊ ပခုက္ကူ ကျွန်းများ၊ ပခုက္ကူမြို့အနောက်ဘက်ရှိရွာများမှ သုံးလမြေပဲများ လာရောက်အရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် သုံးလမြေပဲ၏  အခွံပါမြေပဲအတောင့် (ပဲလေး) ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် (၃၅၀၀-၃၆၀၀)၊ အခွံပါမြေပဲအတောင့်(ပဲကြီး)တစ်ပိဿာလျှင် လက်ကားဈေးမှာကျပ်(၃၅၀၀-၃၆၀၀) ဖြစ် ပြီး၊ နိုဝင်ဘာလ(စတုတ္ထပတ်)တွင် အခွံပါမြေပဲအတောင့် (ပဲလေး) ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် (၃၀၀၀-၃၅၀၀)၊ အခွံပါမြေပဲအတောင့် (ပဲကြီး) တစ်ပိဿာလျှင် လက်ကားဈေးမှာ ကျပ်(၃၅၀၀-၃၆၅၀)၊  မြေပဲဆံ(ပဲလေး)အလုံးအသေး/အကြီးပေါ်မှုတည်၍ တစ်ပိဿာလျှင် ကျပ်(၅၆၀၀-၅၈၀၀)မှစ၍  ကျပ် (၆၀၀၀ -၆၂၀၀)၊ မြေပဲဆံပြန့်ရှယ်တစ်ပိဿာလျှင် ကျပ် (၅၈၀၀-၆၀၀၀)၊ မြေပဲဖြူလုံးဆံတစ်ပိဿာလျှင် ကျပ်(၅၇၀၀- ၅၈၀၀)၊ မြေပဲဆံရွေးကျ(ခွဲခြမ်း) တစ်ပိဿာလျှင် ကျပ်(၄၂၀၀-၄၃၀၀) ဖြင့် ဈေးငြိမ်လျက် အရောင်းအဝယ်ဖြစ်နေပါသည်။

    မြေပဲဆံ(၃)လ/ (၆)လပဲများ ဖြိုင်ဖြိုင်ပေါ်သည့်အလျောက် မြေပဲဆုံဆီလုပ်ငန်များလည်း တွင်ကျယ်စွာလည်ပတ်လျက်ရှိပါသည်။ မြေပဲဆုံဆီကြိတ်ရာတွင် မြေပဲဆံများကို ပြာတီးသန့်စင်ခြင်း၊ မြေပဲအပုတ်စေ့များကိုရွေးထုတ်ပြီးမှာသာ မြေပဲဆံကြိတ်ရကြောင်း၊ မြေပဲဆံပဲလေးတစ်ပိဿာကြိတ်လျှင် ဆီ(၄၀-၄၂) ကျပ်သားထွက်ရှိကြောင်း၊  မြေပဲတစ်ဆုံကြိတ်လျှင် (၅)ပိဿာကြိတ်ရပြီး ဆီထွက်ရှိမှုမှာ (၂)ပိဿာ (၁၀) ကျပ်သားထွက်ရှိကြောင်း၊ မြေပဲဆုံကြိတ်ခမှာ တစ်စုံလျှင် ကျပ် (၇၀၀) ဖြင့် မြေပဲစုံ (၇) စုံရှိကြောင်း မြေပဲစုံကြိတ်သူထံမှသိရှိရပါသည်။ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ် (၁၃၀၀၀) မှ ကျပ် (၁၃၅၀၀)၊ စက်ပဲဆီသန့် တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀-၁၁၅၀၀)ဖြစ်ပြီး၊ ဆုံပဲခွေဖတ်တစ်ပိဿာလျှင် ကျပ်(၂၄၅၀)ဖြင့်ရောင်းချကြောင်း၊ ဈေးကွက်အနေဖြင့်  ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးသို့တင်ပို့နေကြောင်း  ပခုက္ကူမြို့နယ်ဆုံဆီလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(မကွေး)