ပခုက္ကူကုန်စည်ဒိုင်တွင် ဒီဇင်ဘာလ(ပထမပတ်)တွင်ဖြစ်ပေါ်နေသော မိုးစိုက်(ဥစိုက်) ကြက်သွန်နီဈေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်တွင် ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ မိုးစိုက်(ဥစိုက်)များ စတင်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့၊ တောင်သာနယ်၊ တမိုက်သာ ၊ ပခုက္ကူ တောင်ဘက်ကျွန်း၊ ဆူးလေကုန်းရွာများမှ လက်ကျန်ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။

   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၏ ကြက်သွန်နီဒိုင်ပြတ်ဈေးမှာ ယောကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင်ကျပ်(၂၈၅၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၅၅၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၈၀၀)ဖြင့် ကုန်ချိန်(၂)သောင်းကျော်၊ မိုးစိုက်(ဥစိုက်)ကြက်သွန်နီ ဒိုင်ပြတ်လက်ကားဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၉၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၆၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၄၅၀)ဖြင့် တစ်ပတ်လျှင် ကုန်ချိန် (၈၅၀၀၀)ကျော်ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပြီး မြို့မစည်ပင်သာယာဈေးတွင် ကြက်သွန်နီအဟောင်း ထိပ်စတစ်ပိဿာလျှင် ကျပ်(၃၅၀၀)၊  အလတ်စ တစ်ပိဿာလျှင်ကျပ်(၃၄၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ ကြက်သွန်နီအသစ် လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊  အလတ်စတစ်ပိဿာလျှင် (၂၅၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၃၀၀)ဖြင့်ရောင်းဝယ်နေကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)