ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်း၌ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးကြီးအတွင်း၌ သီးနှံမျိုးစုံအများဆုံးစိုက်ပျိုးထွက်ရှိသော ရေလယ်ကျွန်း၊ သံဇလုံ၊ ချင်တောင်၊ ချောင်းမကြီး၊ မယ်ဇလီကွေ့၊ တူရွန်းမျော၊ ဂွေးပင်ကျေးရွာများမှ အများဆုံးဝင်ရောက်ရောင်းချလျက်ရှိသည့်အပြင် ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါး၊ ရှမ်းပြည်နယ် အင်းလေးဒေသထွက် ဟင်းသီးဟင်းရွက်သစ်သီးဝလံများဝင်ရောက်လျက်ရှိပြီး ဒေသခံပြည်သူများ ရောင်းဝယ်ဖောက်ကားရာဈေးဖြစ်ပါသည်။

   ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်း၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ(၁)ရက်နေ့မှ (၅)ရက်နေ့အထိ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀)၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၂၀၀၀မှ ၃၅၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၀၀၀မှ ၄၀၀၀)၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀မှ ၂၀၀၀၀)၊ကုလားပဲဆံတစ်ပြည်လျှင် ကျပ်(၇၇၀၀-၈၀၀၀) ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်(၂၀၀၀မှ ၃၀၀၀)၊ ငရုတ်သီးခြောက်အတောင့်တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀မှ ၁၅၀၀၀)၊ ငရုတ်သီးမှုန့်တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၂၂၀၀၀)၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ်(၅၀၀မှ ၁၀၀၀)၊ မျှစ်ပေါက်တစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊ ခါကြက်ဥတစ်ပိဿာလျှင် ကျပ်(၂၅၀၀မှ ၃၀၀၀)၊ ပဲသီးတစ်ပိဿာလျှင် ကျပ် (၂၄၀၀မှ ၂၅၀၀)၊ ရေကန်စွန်းရွက်သုံးစည်းလျှင် ကျပ်(၂၀၀)၊  ထန်းမြစ်တစ်စည်းလျှင် ကျပ်(၁၀၀၀မှ ၁၁၀၀)၊ ကြက်ဥတစ်လုံးလျှင် ကျပ်(၂၄၀မှ ၃၀၀)၊ အသားငါးဈေးနှုန်းများမှာ မွေးမြူရေးကြက်သား(CP) တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀မှ ၁၄၀၀၀)၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀မှ ၂၂၀၀၀)၊ အမဲသားတစ်ပိဿာလျှင် ကျပ် (၁၄၀၀၀မှ ၁၆၀၀၀)၊ ငါးကြင်း (မြစ်ငါး)တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ငါးကြင်း (ရေခဲစိမ်)တစ်ပိဿာလျှင် ကျပ် (၈၀၀၀)၊ ပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ ပဲစက်ဆီတစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၈၂၀၀)၊ နှမ်းစက်ဆီတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ နှမ်းရောဆီတစ်ပိဿာလျှင် ကျပ်(၉၅၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၅၃၀၀)၊ သိင်္ဂီပေါ်ဆန်း (၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဖျာပုံပေါ်ဆန်း (၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ ဧရာပဒေသာဆင်ဖြူကျွန်း(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ် (၁၄၅၀၀၀)၊ ဧရာပဒေသာ (အောက်)(၂၄) ပြည်ပါ တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ (ဆင်ဖြူကျွန်း)မနောသုခ(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ မနောသုခဆန် (အောက်) (၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ် (၉၅၀၀၀)၊ ရတနာတိုးဆင်ဖြူကျွန်း(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်(၆၅၀၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)