ဆိပ်ဖြူဒေသထွက် မြေပဲဆီ၊ နှမ်းဆီဈေးကွက်အခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူုမြို့ပေါ်တွင် စားသုံးဆီရောင်းဝယ်ရေး လက်လီ၊ လက်ကားဆိုင် (၁၅)ဆိုင်ခန့်ရှိပြီး စားသုံးသူများဝယ်ယူစားသုံးမှုများသော မြေပဲဆီနှင့် နှမ်းဆီဈေးကွက်အခြေအနေသိရှိရန်အတွက် မြို့ပေါ်ရှိမြေပဲဆီနှင့် နှမ်းဆီထုတ်လုပ်ရောင်းချဖြန့်ဖြူးလျက်ရှိသော ဆီစက်လုပ်ငန်းရှင်တစ်ဦးနှင့်ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဆီထွက်သီးနှံမိုးမြေပဲနှင့်နှမ်းမှာ ရာသီပေါ်ချိန်ဖြစ်ကြောင်း၊  မြေပဲတောင့်နှင့်အဆံမှာ ဈေးငြိမ်၍အရောင်းအဝယ်ဖြစ်ပြီး နှမ်းဈေးကွက်မှာ မြင့်တက်လျက်ရှိကြောင်း၊ မြေပဲတောင့်(အခြောက်)တစ်တင်းလျှင် ကျပ်(၂၅၀၀၀)၊ မြေပဲ(ဆီဆံ)တစ်ပြည်လျှင် ကျပ် (၅၅၀၀/ ၅၆၀၀)၊ လုံးဆံတစ်ပြည်လျှင်ကျပ်(၆၅၀၀/၇၀၀၀)နှင့် နှမ်း(နီ)တစ်တင်းလျှင် ကျပ်(၉၀၀၀၀)ခန့်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ မြေပဲ၊ နှမ်းဆီထွက်သီးနှံများကို ဒေသတွင်းသာမက ချောက်၊ တညောင်၊ ဆင်ဖြူကျွန်း၊ စလင်းမြို့များမှဝယ်ယူရကြောင်းသိရှိရပါသည်။

    ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (ပထမပတ်)တွင် စားသုံးဆီဈေးကွက်မှာ မြေပဲ(ဆုံဆီ) တစ်ပိဿာလျှင် ကျပ် (၁၄၀၀၀/၁၄၅၀၀)၊ စက်ဆီတစ်ပိဿာလျှင် ကျပ်(၁၁၀၀၀/၁၂၀၀၀)၊ မြေပဲ (ရောဆီ)တစ်ပိဿာလျှင် ကျပ် (၈၂၀၀/၈၅၀၀)၊ နှမ်း(စက်ဆီ)တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ နှမ်း(ရောဆီ)တစ်ပိဿာလျှင် ကျပ်(၉၀၀၀/ ၉၅၀၀)ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း၊ မြေပဲ၊ နှမ်းဆီများကို ဒေသတွင်းစားသုံးမှုသာမက ရန်ကုန်၊ ပြည်၊ နေပြည်တော်မြို့များသို့ တင်ပို့မှုများကြောင်း၊ ဒေသတွင်း၌ မြေပဲဆီဝယ်ယူစားသုံးမှုများကြောင်း၊ ယခင် နိုဝင်ဘာလ(စတုတ္ထပတ်)ထက် မြေပဲဆီဈေးနှုန်းအနည်းငယ်ကျဆင်းပြီး နှမ်းဆီမှာ ဈေးငြိမ်လျက်ရှိကြောင်း မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)