မင်္ဂလာတောင်ညွန့်မြို့နယ် ကြက်/ဘဲဈေး ဈေးနှုန်းအခြေအနေ

Powered by Drupal

   ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်ကွက်ကဲမှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများသို့  နေ့စဉ် ကြက်/ဘဲများကို လက်လီ/လက်ကား ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

   ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်တွင် ရောင်းချလျက်ရှိသော ကြက်/ဘဲ ဈေးနှုန်းများအား ဈေးကွက်ဈေးနှုန်းစုံစမ်းခြင်းများ ပြုလုပ်ခဲ့ရာ  မြန်မာကြက် ၁ ပိဿာလျှင် (၁၃၀၀၀/၁၄၀၀၀)ကျပ်၊ အသားတိုးကြက် ၁ပိဿာလျှင် (၅၉၀၀/၆၀၀၀) ကျပ်၊ မွေးမြူရေးကြက် (ထီး/မ) ၁ ပိဿာလျှင်(၅၅၀၀/၈၂၀၀) ကျပ်၊ ဘဲအရှင် ၁ ပိဿာလျှင် (၄၀၀၀/ ၆၀၀၀) ကျပ်၊ ချယ်ရီဘယ်ရီဘဲ ၁ ပိဿာလျှင် (၅၅၀၀ - ၆၀၀၀) ကျပ်တို့ဖြင့်  ကုန်ချိန် (၈၆၈၀၀) ပိဿာခန့် အဝင်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့်ပြည်နယ်များမှ အရောက်ပို့စနစ်ဖြင့်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄.၁၂.၂၀၂၃ ရက်နေ့ ဈေးနှုန်းများဖြစ်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)