ပြည်ပဆန်သတင်း ( ၃၀-၁၁-၂၀၂၃ မှ ၅-၁၂-၂၀၂၃ အထိ)

Powered by Drupal

    ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀ မှတ် ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၀ ဖြင့် လည်းကောင်း  ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၇ ဖြင့်လည်းကောင်း စျေးနှုန်း အနည်းငယ် မြင့်တက်သွားပြီး ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၆၀၂ ဖြင့် စျေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

     ဗီယက်နမ် ဆန်ဈေးနှုန်းများမှာ ၅ မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၇ ဖြင့် လည်းကောင်း ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၅၂ ဖြင့် လည်းကောင်း စျေးနှုန်း မြင့်တက်လျက်ရှိပြီး ဆန်ကွဲ စျေးနှုန်းမှာ ဖော်ပြထားခြင်းမရှိကြောင်း သိရှိရပါသည်။

     အိန္ဒိယဆန်စျေးနှုန်းများမှာ ၅ မှတ် ဆန်နှင့် ၂၅ မှတ်ဆန် ဈေးနှုန်း ဖော်ပြထားခြင်းမရှိဘဲ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၂ ဖြင့် ကျဆင်းနေကြောင်း သိရှိရပါသည်။

     ပါကစ္စတန်ဆန်စျေးနှုန်းများမှာ ၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၂ ဖြင့်လည်းကောင်း ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၅၂ ဖြင့်လည်းကောင်း ပေါင်းဆန် စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၅၅၀ ဖြင့် လည်းကောင်းဈေးနှုန်းတည်ငြိမ်လျက ရှိပြီး ဆန်ကွဲစျေးနှုန်း ဖော်ပြထားခြင်းကြောင်း သိရှိရပါသည်။

Source: Thai Rice Exporters Association

DOCA(ရန်ကုန်)