သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့မှ နိုဝင်ဘာလ (၂၈) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ကျောက်ဆည်၊ ပြည်မှ ရွှေငှက်ပျောသီးတစ်ဖီးလျှင် အလုံးကြီး ကျပ်၆၀၀၀၊ အလုံးသေး ကျပ်၃၅၀၀၊ တောင်ငူ၊ ကျောက်ဆည်မှ တောင်ငူငှက်ပျောသီးတစ်ဖီးလျှင် အလုံးကြီး ကျပ်၇၀၀၀၊ အလုံးသေး ကျပ်၃၅၀၀၊ ဘိုကလေးမှ ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် အလုံးကြီး ကျပ်၂၅၀၀၊ အလုံးသေး ကျပ်၁၅၀၀၊ ဝမ်းတွင်းမှ ဖရဲသီး(855) အလုံးကြီး ကျပ်၅၀၀၀၊ အလုံးလတ် ကျပ်၄၀၀၀၊ အလုံးသေး ကျပ်၃၅၀၀၊ ဝမ်းတွင်းမှ ဖရဲသီး (211)တစ်လုံးလျှင် အလုံးကြီး ကျပ်၆၀၀၀၊ အလုံးလတ် ကျပ်၅၀၀၀၊ အလုံးသေး ကျပ်၄၅၀၀၊ မော်လမြိုင်မှ ကျွဲကောသီးတစ်လုံးလျှင် အလုံးကြီး ကျပ်၁၀၀၀၊ အလုံးလတ် ကျပ်၅၀၀၊ အလုံးသေး ကျပ်၃၀၀၊ တိုက်ကြီးမှ မာလကာသီးတစ်လုံးလျှင် အလုံးကြီး ကျပ်၈၀၀၊ အလုံးလတ် ကျပ်၇၀၀၊ အလုံးသေး ကျပ်၅၀၀၊ သီပေါမှ နာနတ်သီးတစ်လုံးလျှင် အလုံးကြီး ကျပ်၂၅၀၀၊ အလုံးလတ် ကျပ်၂၀၀၀၊ အလုံးသေး ကျပ်၁၀၀၀၊ အောင်ပန်းမှ ထောပတ်သီးအလုံးကြီး ၆၀လုံးပါ တစ်သေတ္တာလျှင် ကျပ်၁၅၀၀၀၊ တိုက်ကြီးမှ ပီလောပီနံအလုံးကြီးတစ်ပိဿာလျှင် ကျပ်၈၀၀၊ အောင်ပန်းမှ လိမ္မော်သီးအလုံးကြီးတစ်ပိဿာလျှင် ကျပ်၃၀၀၀၊ ပြင်ဦးလွင်မှ ဘောက်သီးတစ်ပိဿာလျှင် အလုံးကြီး ကျပ်၁၂၀၀၀၊ အလုံးလတ် ကျပ်၁၀၀၀၀၊ အလုံးသေး ကျပ်၈၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီးအလုံးကြီး ၃၀လုံးပါ တစ်ဖာလျှင် ကျပ်၃၀၀၀၀၊ အလုံးလတ် တစ်ဖာလျှင် ကျပ်၂၅၀၀၀၊ အလုံးသေးတစ်ဖာလျှင် ကျပ်၂၀၀၀၀၊ ပြင်ဦးလွင်မှ အာတာလွတ်ဥတစ်ပိဿာလျှင် အလုံးကြီး ကျပ်၂၅၀၀၊ အလုံးလတ် ကျပ်၂၀၀၀၊ အလုံးသေး ကျပ်၁၀၀၀၊ ဟင်္သာတမှ ထန်းမြစ်အစည်းကြီးတစ်စည်းလျှင် ကျပ်၂၅၀၀၊ အစည်းလတ်တစ်စည်းလျှင် ကျပ်၂၀၀၀၊ ပြည်မှ ဆီးသီး(အချဉ်) အလုံးကြီးတစ်ပြည်လျှင် ကျပ်၁၅၀၀ဈေးနှုန်းတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)