ချောက်မြို့မစျေးအတွင်းရောင်းချနေသော သစ်သီးဝလံစျေးနှုန်းအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ရှိမြို့မဈေးသည် ပတ်ဝန်ကျင်းကျေးရွာများမှ နေ့စဉ်လာရောက်သည့်အပြင် ဆိပ်ဖြူနှင့်ယောဒေသမှစားသုံးသူများမှလည်း လာရောက်ရောင်းဝယ် ဖောက်ကားရာဈေးဖြစ်ပါသည်။

          ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)အတွင်း ချောက်မြို့မစျေး၌အရောင်းအဝယ်ဖြစ်နေသော သစ်သီးဝလံစျေးနှုန်းများမှာ ပန်းသီးအကျွတ်(အသေး)(၁)လုံးလျှင် ကျပ်(၁၀၀၀)၊ ပန်းသီးပိုက်စွပ်(အကြီး) (၁)လုံးလျှင် ကျပ်(၃၀၀၀)၊ ပန်းသစ်တော်(၁)လုံးလျှင် ကျပ်(၃၀၀၀)၊ ထောပတ်သီး(၁)လုံးလျှင် ကျပ် (၈၀၀-၁၀၀၀)၊ ဆန်းကစ်သီး(၁)လုံးလျှင် ကျပ်(၂၀၀၀)၊ စပျစ်သီးအလုံးကြီး(၂၅)ကျပ်သားလျှင် ကျပ် (၄၀၀၀-၄၅၀၀)၊ အစေ့လွတ်စပျစ်(ယိုးဒယား) (၂၅)ကျပ်သားလျှင် ကျပ်(၆၀၀၀)၊ လေချွေသီး(ခေါ်) နှင်းသီး(၂၅)ကျပ်သားလျှင် ကျပ်(၂၀၀၀-၂၅၀၀)၊ ပင်မှည့်(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ စတော်ဘယ်ရီ (ဂျပန်)သီး(၁၀)ကျပ်သားလျှင် ကျပ်(၃၀၀၀)၊ ပျားလိမ္မော်(၅၀)ကျပ်သားလျှင် ကျပ်(၂၅၀၀)၊ ပျားရည် ဆမ်းငှက်ပျောခြောက်(၂၅)ကျပ်သားလျှင် ကျပ်(၁၀၀၀)၊ (၅၀)ကျပ်သားလျှင် ကျပ်(၃၅၀၀)၊ (၁)ပိဿာ လျှင် ကျပ်(၆၅၀၀) စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)