ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ စားအုန်းဆီဈေးကွက်အတွင်း ဆီရောင်းချမှုအခြေအနေ

Powered by Drupal

  ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ စားအုန်းဆီဖြန့်ဖြူးရောင်းချနေသော ဆီကိုယ်စားလှယ်စာရင်းများသည် (၂၈-၁၁-၂၀၂၃) ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်မှ နေ့လယ် (၁၂:၀၀)နာရီအချိန်ထိ တစ်နေ့လျှင် တစ်မြို့နယ်၌ ရောင်းချသည့်ဆိုင် (၂)ဆိုင်နှုန်းဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့လျက်ရှိပါသည်။

    ထိုသို့ပေးပို့ရာတွင် ဖြန့်ဖြူးရောင်းချသူ ကိုယ်စားလှယ်တစ်ဦး၏ မြို့နယ်၊ အမည်၊ ဆီဝင်ရောက်သည့်ပမာဏ(ပေပါ)၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ဖြန့်ဖြူးသည့်ပမာဏ  (ပေပါ/ပိဿာ)၊ ဖြန့်ဖြူးရန်ကျန်(ပေပါ/ပိဿာ) စသည်တို့ကို နေ့စဉ် မြို့နယ်အတွင်းရှိ ဆိုင်အမည်များမတူအောင် (၂)ဆိုင်နှုန်းဖြင့်ပေးပို့လျက်ရှိပြီး ကိုယ်စားလှယ်များကလည်း မိမိတို့ဌာန၏ သိလိုသမျှကိုဖြေကြားပေးခဲ့ပြီး မိမိတို့ရရှိသည့်ခွဲတမ်းများကိုလည်း ရပ်ကွက်များ၊ ကျေးရွာများ၊ ဈေးစည်ပင်များ၊ ဈေးအတွင်းရှိကုန်စုံဆိုင်များ၊ အခြားအဖွဲ့အစည်းများကိုလည်းခွဲဝေပေးရကြောင်း၊ ထို့ပြင် ဆီကိုယ်စားလှယ်များ၏ ဆီထုတ်ရက်၊ ငွေသွင်းရမည့်နေ့၊ ဆီထုတ်ရမည့်နေ့ရက်များကိုပါ ထပ်မံသိရှိခဲ့ရကြောင်းနှင့် စားအုန်းဆီဈေးကွက်အတွင်း ဆီပြတ်လပ်မှုမရှိကြောင်း အခြေအနေကိုသုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(ရန်ကုန်)