တိုက်ကြီးမြို့နယ်၏ တံမြက်စည်းဈေးကွက်အခြေအနေ

Powered by Drupal

     တိုက်ကြီးမြို့နယ်တွင် ကျေးလက်ဒေသမိသားစုစားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင်စီးပွားရေးတစ်ရပ်အနေဖြင့်လည်း တံမြက်စည်းလုပ်ငန်းကို လုပ်ကိုင်ကြပြီး မြေရိုင်းများမှပေါက်သော ကိုင်းရိုးကိုအသုံးပြု၍ ထုတ်လုပ်ရပါသည်။ ကိုင်းရိုး (၁)ပိဿာလျှင် (၃၅၀၀)ကျပ်၊ ကြိမ်(၈) လုံးပါ (၁)စည်းလျှင် (၂၅၀၀)ကျပ်၊ ကြိုးတစ်ခွေလျှင် (၁၀၀၀)ကျပ်ဖြင့်ဝယ်ယူ၍ တံမြက်စည်းကိုင်းရိုး (၁)ပိဿာလျှင် တံမြက်စည်း (၁၀)ချောင်းခန့်ထွက်ရှိပြီး တံမြက်စည်း(၁၀)ချောင်းလျှင် ကြိုးဖိုး (၈၀၀)ကျပ်၊ ကြိမ်ဖိုး (၁၂၀၀မှ ၁၅၀၀)ကျပ်ခန့်ကုန်ကျခဲ့ရာ မိသားစုများမအားပါက လက်ခအနေဖြင့် တစ်ချောင်းလျှင် (၁၀၀)ကျပ်ဖြင့် လူငှားဖြစ်လုပ်ဆောင်ခဲ့ပြီး ကိုင်းရိုးတံဖြင့်လုပ်သော တံမြက်စည်းကို (၁၀၀၀)ကျပ်ဖြင့်သာရောင်းချရပြီး ဝါးလုံးဖြင့်ပြုလုပ်သော တံမြက်စည်းမှာ ဝါးတစ်လုံးလျှင် (၅၀)ကျပ်ဖြင့် ဝယ်ယူလုပ်ဆောင်ရ၍ ဝါးလုံးဖြင့်ပြုလုပ်သော တံမြက်စည်းကို (၁၂၀၀)ကျပ်ဈေးနှုန်းဖြင့်ရောင်းချပါသည်။ ကိုင်းရိုးတံဖြင့်ပြုလုပ်သော တံမြက်စည်းထက် ဝါးလုံးဖြင့်ပြုလုပ်သောတံမြက်စည်းမှာ ဈေးနှုန်းအနည်းငယ်ပိုပြီး တိုက်ကြီးမြို့ပေါ်တွင် တိုက်ကြီးတံမြက်စည်းကို နာမည်ကြီးပြီး ပိုမိုခိုင်ခံ့သေသပ်သော ဈေးကွက်ဝင်လူသုံးကုန်ပစ္စည်းတစ်ခုအဖြစ် ထင်ရှားစွာလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)