ညောင်တုန်းမြို့ပေါ်ရှိ သောက်ရေသန့်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လွင်သည် (၂၈-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့ပေါ်ရှိ ရေသန့်အရောင်းဆိုင်နှင့် ဈေးအမျိုးမျိုးတွင်ရောင်းချနေသော ရေသန့်ဘူး လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်(၅)ဆိုင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ ဈေးကွက်‌စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အမှတ်တံဆိပ်(သောက်ရေသန့်အမှတ်တံဆိပ်)ပါ သောက်ရေသန့်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့်  သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိမှုများပါဝင်သော ကုန်စည်ကိုသာရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)