သံတွဲမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

    ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးမျိုးမြင့်ထွန်း     (ဒု-ဦးစီးမှူး) နှင့် ဦးခင်ထွန်း (ဒု-ကြီးကြပ်ရေးမှူး) တို့သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့၊ နေ့လယ်  (၂:၀၀) နာရီအချိန်တွင် သံတွဲမြို့နယ်၊ အ-မ-က (ရွှေကျောင်းပြင်)ကျောင်းခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

    အဆိုပါ  ဟောပြောပွဲတွင် အ-မ-က (ရွှေကျောင်းပြင်) မှ ကျောင်းအုပ်ဆရာကြီး ဦးမြလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သံတွဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးမျိုးမြင့်ထွန်း (ဒု-ဦးစီးမှူး) က စားသုံးသူ‌ရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)၊ ပုဒ်မ(၁၉)နှင့် (၂၀)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)၊ ပုဒ်မ(၂၁)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် ဦးခင်ထွန်း(ဒု-ကြီးကြပ်ရေးမှူး) က မုန့်ပဲသားရေစာများတွင်ပါဝင်သော ဆိုးဆေးအန္တရာယ်များအကြောင်းနှင့် ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ကလေးငယ်များသဘောပေါက်အောင် အသေးစိတ်ရှင်းလင်းဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရခိုင်)