မော်လမြိုင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ရုံးတွင် စားသုံးသူကာကွယ်ရေး အ‌သိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပ

Powered by Drupal

     ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၉ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ရုံးရှိ အရာထမ်း၊ အမှုထမ်း(၆၀)ဦးအား စားသုံးသူကာကွယ်ရေး အ‌သိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်က စားသုံးသူများတိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပုံအဆင့်ဆင့်၊ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များကိုရှင်းလင်းဆွေးနွေးခြင်း၊​ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးဥပဒေအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း ဆောင်ရွက်မှုအခြေနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်လာသော ဝန်ထမ်းများက သိလိုသည်များကိုမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားပေးခြင်းနှင့် တက်ရောက်လာသူများကိုစားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)