ချောင်းဆုံမြို့နယ်ရှိ သောက်ရေသန့်စက်ရုံများအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

Powered by Drupal

   မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၁-၁၁-၂၀၂၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဦးစားပေးကုန်စည်များအနက် (၁) မျိုးဖြစ်သည့် သောက်ရေသန့်များအား ဈေးကွက်အတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်စေရေးအတွက် သောက်ရေသန့်ဘူးများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါအတိုင်း မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ဖော်ပြထားခြင်းရှိ/မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိသည်ကိုတွေ့ရှိရပြီး ရေသန့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါရှိသည့် သောက်ရေသန့်ဘူးများကိုသာ ဈေးကွက်အတွင်းသို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်အရ ကုန်စည်အုပ်စုအလိုက်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်ပါရှိသော လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)