သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ( ၁၅ ) ရက်နေ့မှ နိုဝင်ဘာလ (၂၁) ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သောသစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်းမှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ်၉၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၇၀၀၀၊ ဝမ်းတွင်းမှ ဖရဲသီး(211) အလုံးကြီးတစ်လုံးလျှင် ကျပ်၃၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၅၀၀၊ အလုံးသေး ကျပ် ၂၀၀၀၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၁၅၀၀၊ အလုံးလတ် ကျပ်၁၀၀၀၊ အလုံးသေး ကျပ်၇၀၀၊ တိုက်ကြီးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၀၀၊ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၂၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၀၊ အောင်ပန်းမှ ထောပတ်သီး အလုံး ၈၀လုံးပါတစ်အိတ်လျှင် အလုံးကြီး ကျပ်၅၀၀၀၀၊ အလုံးလတ် ၁၀၀လုံးပါတစ်အိတ်လျှင် ကျပ်၄၅၀၀၀၊ အလုံးသေး ၁၁၅လုံးပါတစ်အိတ်လျှင် ကျပ်၄၀၀၀၀၊ တိုက်ကြီးမှ ပီလောပီနံတစ်ပိဿာလျှင် အလုံးကြီး ကျပ်၁၀၀၀၊ အောင်ပန်းမှ လိမ္မော်သီးတစ်လုံးလျှင် အလုံးကြီး ကျပ်၄၀၀၀၊ အလုံးလတ် ကျပ်၃၀၀၀၊ အလုံးသေး ကျပ်၂၀၀၀၊ ပြင်ဦးလွင်မှ ဘောက်သီးတစ်ပိဿာလျှင် အလုံးကြီး ကျပ်၁၂၀၀၀၊ အလုံးလတ် ကျပ်၁၀၀၀၀၊ အလုံးသေး ကျပ်၈၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီး အလုံးကြီး ၁၈လုံးပါ တစ်ဖာလျှင် ကျပ်၂၅၀၀၀၊ ပြင်ဦးလွင်မှ အာတာလွတ်ဥတစ်ပိဿာလျှင် အလုံးကြီး ကျပ်၂၅၀၀၊ ဟင်္သာတမှ ထန်းမြစ် ၂၅ပင်ပါ အစည်းကြီးတစ်စည်းလျှင် ကျပ်၂၅၀၀၊ ပြည်မှ ဆီးသီးအလုံးကြီး (အချဉ်) ၁၃ပြည်ပါ တစ်သေတ္တာလျှင် ကျပ်၂၀၀၀၀ဈေးနှုန်းတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)