တိုက်ကြီးမြို့နယ်အတွင်း စားအုန်းဆီရောင်းချနေမှုအခြေအနေ

Powered by Drupal

    တိုက်ကြီးမြို့နယ်အတွင်း စားသုံးသူပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အထူးအလေးနက်ထားဆောင်ရွက်ခဲ့ရာ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက်မြို့နယ်များမှာ လူဦးရေထူထပ်သောမြို့နယ်ဖြစ်သည့်အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၉၅)အုပ်စုရှိပြီး တိုက်ကြီးတွင် ကျားဦးရေ (၁၃၉၀၄)ဦး၊ မဦးရေ (၁၄၉၁၁၆)ဦးရှိပြီး တိုက်ကြီး၊ ဥက္ကံ၊ အဖျောက်လူဉီးရေစုစုပေါင်း (၂၈၈၁၆၂)ဦးနေထိုင်လျက်ရှိပါသည်။ ပြည်သူများ စားသုံးဆီဖူလုံရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ သတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးနေမှုအပေါ် သယ်ယူပို့ဆောင်ခ၊ အထွေထွေကုန်ကျစရိတ်နှင့်တွက်ချက်၍ ရောင်းဝယ်ဖောက်ကားမှုအတွက် ရန်ကုန်အထိုင်ဈေး၊ အခြေခံလက်ကားရည်ညွှန်းဈေးဖြင့်ရောင်းချရေးကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။ အချိန်နှင့်တပြေးညီ ဈေးနှုန်းပိုရောင်းချခြင်း၊ သိုလှောင်ခြင်းမရှိစေဘဲ ပြည်သူများအားလုံး စားအုန်းဆီရရှိရေးအတွက် အသိပေး၊ ကွင်းဆင်းသတိပေးခြင်းများကို အချိန်နှင့်တပြေးညီ ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး တိုက်ကြီးမြို့တွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများမလုပ်ကိုင်ရန်လည်း အထူးအရေးထားဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)