သန်လျင်မြို့နယ်မှ တစ်ပတ်အတွင်း စားအုန်းဆီထုတ်ပေးမှုအခြေအနေ (၁၃-၁၁-၂၀၂၃) ရက်နေ့မှ (၁၈-၁၁-၂၀၂၃) ရက်နေ့အထိ

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်များနှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီများကို နေ့စဉ် ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီများကို ပြည်တွင်ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည်ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂) ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေးနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၁၃-၁၁-၂၀၂၃)ရက်နေ့မှ (၁၈-၁၁-၂၀၂၃)ရက်နေ့အထိ ဆီကုမ္ပဏီ(၉)ခုမှ စားအုန်းဆီကိုယ်စားလှယ် (၉၈၃)ဦးတို့အား စားအုန်းဆီတန်ချိန် (၄၂၀၃.၉၂၂)တန်ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)