ကန့်ဘလူခရိုင်၌ နိုဝင်ဘာလ စတုတ္ထပတ်တွင်ရောင်းချနေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းအခြေအနေ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြသည်။

    ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများမှာ ပန်းဖူး(50)kg တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ မျှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်၊ ကွန်ပေါင်း(10:10:5) (50)kg တစ်အိတ်လျှင် (၇၆၅၀၀)ကျပ်၊ ကွန်ပေါင်း (15:15:15) (50)kg တစ်အိတ်လျှင် (၁၆၀၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၂၃၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီတစ်ဘူးလျှင် (၁၂၀၀၀)ကျပ်၊ မိုရယ်လ်မုန်း (၅၀၀)စီစီတစ်ဘူးလျှင် (၂၅၅၀၀) ကျပ်၊ ဟတ်ကာ(၅၀၀)စီစီတစ်ဘူးလျှင် (၂၄၅၀၀)ကျပ်၊ AP ဇာပြာ (၅၀၀)စီစီတစ်ဘူးလျှင် (၁၉၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)