ကန့်ဘလူခရိုင်၌ နိုဝင်ဘာလ စတုတ္ထပတ်တွင်ရောင်းချနေသော ရေထွက်ကုန်ပုစွန်ခြောက်၊ ငါးခြောက်ဈေးနှုန်းအခြေအနေ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ “မြို့မဈေး”၌ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများရောင်းချလျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ရောင်းချနေသောရေထွက်ကုန်ပစ္စည်းဈေးနှုန်းများမှာ ပုစွန်ခြောက်(အချို) (၁)ပိဿာလျှင် ကျပ်(၅၀၀၀၀)၊ ငါးပုတ်သင်ခြောက်(အကြီး) (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငါးပုတ်သင်(အသေး)(၁)ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ငါးကြီးသားခြောက် (၁)ပိဿာလျှင် ကျပ်(၄၃၀၀၀)၊ မြီးဆံသွယ်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ မိသားစုခြောက် (၁)ပိဿာလျှင် ကျပ် (၁၆၅၀၀)၊ လသာခြောက်(အချို)(၁) ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ လသာခြောက်(အငန်) (၁)ပိဿာလျှင် ကျပ် (၁၂၅၀၀)၊ ငါးရောင်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ပလာတူးခြောက် (၁)ပိဿာလျှင် ကျပ် (၁၀၅၀၀)နှင့် ငါးရံ့ခြောက် အကောင်သေး(၁)ပိဿာလျှင် ကျပ် (၁၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးခြောက်ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)