နိုဝင်ဘာလ စတုထ္ထပတ်တွင် ကျွန်းလှမြို့၌ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီ/၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား  နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည် ။

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင် (၃)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၂၁၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၃၃၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၂၃၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၃၃၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

   နိုဝင်ဘာလ စတုထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင်    (၂၂၈၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၄၂၅)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၂၁၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၃၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ယခင်နိုဝင်ဘာလနှင့် ဒုတိယအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ဓာတ်ဆီ (92) တစ်လီတာလျှင် (၇၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၉၅)ကျပ်မြင့်တက်လျက်ရှိပြီး  ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၀)ကျပ်နှင့် ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၃၅)ကျပ်ကျဆင်းလျက်ရှိကြောင်း ကျွန်းလှမြို့၊ စက်သုံးဆီဆိုင်များမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)