အင်္ဂပူမြို့နယ်ရှိ ရပ်ကွက်များအား စားသုံးဆီရောင်းချပေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၈-၁၁-၂၀၂၃)ရက်နေ့တွင် ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ  စားသုံးသူပြည်သူများအား ဈေးကားဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိပါသည်။

    ထိုသို့ရောင်းချခြင်းကို အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ရပ်ကွက်နေပြည်သူများအား အိမ်ထောင်တစ်စုလျှင် စားအုန်းဆီ ၁ပိဿာလျှင် ၅၀၀၀ကျပ်နှုန်းရောင်းချဖြန့်ဖြူးပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)