စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့်စီးထွက်မှုအခြေအနေ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများအနေဖြင့် ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး ခရိုင်တို့ဖြစ်ပြီး ကလေးခရိုင်တွင် စပါး/ဆန်ဈေးနှုန်းများ အနည်းငယ်ကျဆင်း၍ ရွှေဘိုခရိုင်နှင့် ရေဦးခရိုင်တို့တွင် ဆန် ဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရှိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၅,၀၀၀ကျပ်၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၀,၀၀၀ ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၈၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ပြည် ပါတစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ရေဦးခရိုင်၊ ရေဦးမြို့နယ်တွင် ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၁၂၅,၀၀၀၊  ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် ၁၄၀,၀၀၀ ကျပ်၊ နွေစပါး (ရွှေဝါ ထွန်း) စပါးတင်း (၁၀၀)လျှင် ကျပ် ၁,၈၀၀,၀၀၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

     ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၂,၈၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၀၅,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၂၈၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၉၅,၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂,၉၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၁၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၁၀၀,၀၀၀၊ နွေစပါး (ဒေသမျိုး) (ဆန်) ၂၄ ပြည်ပါ တစ်အိတ်မှာကျပ် ၈၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

   ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀ လျှင် ကျပ် ၁,၉၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၉၀,၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၆၅,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ် နေကြောင်း သိရပါသည်။

   မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၂၅,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀,၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၂,၀၀၀,၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

 ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၂၇,၅၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၃,၅၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်တစ်အိတ်လျှင် ကျပ် ၁၂၂,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁,၆၈၀,၀၀၀၊ ရွှေဝါထွန်း(ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၈,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

   နိုဝင်ဘာလ (ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြား တိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၅,၇၅၀၊ မန္တလေး သို့ အိတ်ရေ ၁၇,၉၀၅၊ မကွေး သို့ အိတ်ရေ ၁,၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၃,၂၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂,၄၀၀၊ ကယားသို့ အိတ်ရေ ၄၀၀၊ ကချင်သို့ အိတ်ရေ (၅၀၀)၊ စုစုပေါင်း အိတ်ရေ (၄၁,၉၆၁) အိတ်၊ တန်အားဖြင့် (၂,၀၉၈) စီးထွက်ခဲ့ပြီး၊ ယခု နိုဝင်ဘာလ(တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြား တိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၇,၀၀၀၊ မန္တလေး သို့ အိတ်ရေ ၂၂,၂၀၀၊ မကွေး သို့ အိတ်ရေ ၂,၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄,၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂,၈၀၀၊ မွန်သို့ အိတ်ရေ ၈,၃၂၀၊ စုစုပေါင်း အိတ်ရေ (၅၉,၄၇၃) အိတ်၊ တန်အား ဖြင့် (၂,၉၇၃) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၇,၅၁၂) အိတ်၊ တန်အားဖြင့် (၈၇၅) ပို၍ စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)