ပန်းတောင်းမြို့နယ်တွင် မိုးစပါးများစတင်ရိတ်သိမ်း

Powered by Drupal

    ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ်၊ သရက်လိန်အုပ်စု၊ ခတ္တိယကျေးရွာ၌ မိုးစပါးများရိတ်သိမ်းထားရှိကြောင်း သိရှိရပါသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပန်တောင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် (၉-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်သွားရောက်၍ စပါးဈေးနှုန်း၊ ဈေးကွက်အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းလေ့လာရာတွင် မိုးစပါးစိုက်ပျိုးသူတောင်သူ ဒေါ်ခင်မာချိုက ယခုအချိန်တွင် မိုးစပါး (၁) ဧကသာရိတ်သိမ်းထားရှိပြီး စိုက်ပျိုးသည့်စပါးမျိုးမှာ ရက်(၁၀၀)စပါးမျိုးနှင့် ပဒုမ္မာစပါးမျိုးတို့ဖြစ်ကြောင်းသိရပါသည်။ မိုးစပါးကို ယခင်နှစ် နွေစပါးစိုက်ပျိုးထားသည့်ကွင်းထဲတွင် ထပ်မံစိုက်ပျိုးခဲ့ရာ စပါးမှာ အထွက်စောပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် တင်း(၂၀)ခန့်ထွက်ရှိကြောင်းသိရပါသည်။ ယခုလက်ရှိစပါးဈေးနှုန်းအနေဖြင့် အစိုဓာတ် (၂၀%) နှင့် (၅၄)ပေါင် တင်း(၁၀၀)ကို ၁၇၀၀၀၀၀ကျပ်ဈေးပေါက်ကြောင်းသိရပါသည်။ စပါးအစိုဓာတ်ရှိသည့်အတွက် အနည်းဆုံး (၂/၃)ရက်နေလှန်း၍ကြိတ်ခွဲရပါသည်။ တစ်ဧကလျှင် စပါးရိတ်သိမ်းခမှာ ကျပ်(၁) သိန်းပေးရပြီး ယခင်နှစ်တွင် တစ်ဧကလျှင် (၈၅၀၀၀)ကျပ်နှုန်းပေးချေရသဖြင့် ယခုနှစ်တွင် ရိတ်သိမ်းခများဈေးမြင့်တက်လာပြီး စပါးအထွက်နှုန်းနည်းသောကြောင့် တွက်ခြေကိုက်မှုနည်းကြောင်းသိရပါသည်။

DOCA(ပဲခူး)