နိုဝင်ဘာလ တတိယပတ် မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

        မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

       မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး နိုဝင်ဘာလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၁၁၅) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၂၁၅)ကျပ် ၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၂၆၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၃၈၀) ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း သိရသည်။

      ယခု နိုဝင်ဘာလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၁၉၀) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၃၁၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၁၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၃၁၀) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင် နိုဝင်ဘာလ ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၇၅)ကျပ်၊  ဓါတ်ဆီ(95) တစ်လီတာလျှင် (၉၅)ကျပ် ဈေးနှုန်းအသီးသီး မြင်တက်လျက် ရှိကြောင်းပြီး ဒီဇယ်(ရိုးရိုး)တစ်လီ တာလျှင် (၅၅)ကျပ် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၇၀) ကျပ် ဈေးနှုန်းအသီးသီးကျလျှက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA (စစ်ကိုင်း)