ပြည်မြို့သစ်ဈေးတွင် ရောင်းချနေသော ပုစွန်ခြောက်ဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့သစ်ဈေးတွင်ရောင်းချနေသော ပုစွန်ခြောက်များမှာ ရခိုင်ဘက်မှလာသော ပုစွန်ခြောက်များရှိသည့်အပြင် ပုသိမ်ဘက်မှလာသော ပုစွန်ခြောက်များလည်းရှိကြောင်းတွေ့ရပါသည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ပုစွန်ခြောက်များ ပုံမှန်အရောင်းအဝယ်ဖြစ်နေပါသည်။ ပုစွန်ခြောက်ဈေးနှုန်းများမှာ ဝင်သည့်ဒေသပေါ်မူတည်၍ ဈေးနှုန်းများကွာခြားပါသည်။ ဈေးနှုန်းအနေဖြင့် အရည်အသွေးကိုလိုက်၍ ကွာခြားလျက်ရှိပါသည်။ ပုစွန်ခြောက်အကောင်ကြီး ရှယ်တစ်ပိဿာလျှင် (၈၀၀၀၀)ကျပ်၊ အလတ်တစ်ပိဿာလျှင် (၇၀၀၀၀)ကျပ်နှင့် အသေးတစ်ပိဿာလျှင် (၆၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါသည်။ ပုစွန်ခြောက်အသေး (ကြပ်တင်းခြောက်)များမှာမူ တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)