ပြည်မြို့တွင်ရောင်းချနေသော သကြားဈေးနှုန်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ကြံကိုအများဆုံးစိုက်ပျိုးကြပါသည်။ ထွက်ရှိလာသောကြံများကို အင်ငါးခွသကြားစက်နှင့် နဝဒေး၊ မြရွာသကြားစက်တို့မှဝယ်ယူကြောင်း သိရပါသည်။ သကြားဈေးတက်ချိန်ဖြစ်သည့်အတွက် ကြံစိုက်တောင်သူများ ကြံပေါ်ချိန်ကာလတွင် တက်ဈေးမျှော်နေကြောင်းသိရပါသည်။ ယခင်နှစ်တွင် ကြံတစ်တန်လျှင် (၇၅၀၀၀)ကျပ်ရှိခဲ့သောကြောင့်  ယခုနှစ်တွင်လည်း တက်ဈေးမျှော်နေကြောင်း ကြံစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။ ပြည်ဈေးကွက်အနေဖြင့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလမှစတင်ပြီး သကြားတစ်ပိဿာလျှင် (၃၆၀၀)ကျပ်ရှိခဲ့ပြီး  နိုဝင်ဘာလ ပထမပတ်တွင် သကြားတစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဈေးထိမြင့်တက်လာခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)