ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ် ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယအပတ်တွင် ကျိုင်းတုံမြို့ဈေးကွက်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၆၈၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၈၀၀၀) ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၈၀၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၂၃၀၀၀) ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၄၈၈၀၀)ကျပ်၊ ယူရီးယား (မြင်းပျံ) (50)kg တစ်အိတ်လျှင် (၉၀၀၀၀)ကျပ် တို့ဖြစ်ပါသည်။

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင် အောက်တိုဘာလ ပထမအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဘိလပ်မြေဈေးနှုန်းသည် တည်ငြိမ်လျက်ရှိပြီး ဓာတ်မြေဩဇာ ဈေးနှုန်း အနေဖြင့် ယူရီးယား (မြင်းပျံ) (50)kg သည် ဈေးနှုန်းအနည်းငယ်မြင့်တက် လျက်ရှိ၍ ကျန်သည့်ဓာတ်မြေဩဇာဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

   တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၃၅၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၁၄၄၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၁၄၄၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့ ၏ ဘိလပ်မြေဈေးနှုန်းမှာ ယခင် နိုဝင်ဘာလ ပထမပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရှမ်း)