ရွှေတောင်ဒေသထွက် မုန့်လေပွေ

Powered by Drupal

     မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်သော မုန့်လေပွေမှာ သီတင်းကျွတ်ကာလအတွင်းသာ ရာသီပေါ်သားရေစာအဖြစ်စားရသည့် မုန့်တစ်မျိုးဖြစ်ပါသည်။

   မုန့်လေပွေမုန့်ပြုလုပ်ရာတွင် ဆန်ကွဲကို မုန့်ရည်ကြိတ်ပြီး ရရှိလာသည့်မုန့်အနှစ်များကို မုန့်အိုးထဲတွင် နှမ်းစေ့များထည့်ကား အချပ်ကလေးများပြုလုပ်ရပါသည်။ မုန့်ချပ်အပျော့ဖတ်လေးများရရှိလာသောအခါ ဝါးကပ်များပေါ်တွင် နေလှန်းထားပြီး (၂)နာရီကြာလျှင် မုန့်ဖတ်ကလေးများခြောက်သွေ့လာကာ ၎င်းကို သံဒယ်အိုးအကြီးထဲ၌ သဲနှင့်ရောစပ်ပြီး မီးဖိုပေါ်တင်၍လှော်ရကာ မုန့်သားလေးများမာကျွတ်လာလျှင် ဆန်ကာအကျဲတွင်ထည့်ပြီး မုန့်ချပ်းများကို ဈေးကွက်အတွင်းရောင်းချပါသည်။

   ဆန်ကွဲ (၃)ပြည်ကိုကြိတ်လျှင် အချပ်ရေ (၁၀၀၀/၁၃၀၀)ချပ်ရရှိပါသည်။ ကုန်ချောရရှိလာသည့် မုန့်ချပ်အခု (၁၀၀)လျှင် ကျပ် (၂၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်းသိရပါသည်။

    မုန့်လေပွေများကို ရွှေတောင်မြို့နယ်၊ ဖိုးသိမ်းတန်းရွာတွင် ပြုလုပ်ပါသည်။ ၎င်းကို ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)