ပြည်ခရိုင်တွင် မိုးစပါးများစတင်ထွက်ပေါ်

Powered by Drupal

    ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် မိုးစပါး ၇၄၆၄၂ဧကစိုက်ပျိုးပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ၁၉၇ဧကရိတ်သိမ်းပြီးဖြစ်ပါသည်။ ပေါက်ခေါင်းမြို့နယ်တွင် ၄၆၇၅၇ဧကစိုက်ပျိုး၍ ၁၈၀ဧကရိတ်သိမ်းပြီးဖြစ်ပါသည်။ ရွှေတောင်မြို့နယ်တွင် ၅၈၁၆၃ဧကစိုက်ပျိုး၍ ၂၅၇ဧကရိတ်သိမ်းပြီးဖြစ်ပါသည်။ ပန်းတောင်းမြို့နယ်တွင် ၅၈၁၆၃ဧကစိုက်ပျိုး၍ ၂၅၁၂ဧကရိတ်သိမ်းပြီးဖြစ်ပါသည်။ ပြည်ခရိုင်တွင် တစ်ဧကအထွက်နှုန်းအနေဖြင့် ၈၃တင်းခန့်ထွက်ရှိကြောင်းသိရပါသည်။ ဈေးနှုန်းအနေဖြင့် မိုးစပါး(အသစ်) ၄၆ပေါင်ပါ တင်း(၁၀၀)လျှင် အစိုဓာတ် ၂၀%တွင် ၁၆၃၅၀၀၀ကျပ်ဈေးနှုန်းဖြင့်အရောင်းအဝယ်ရှိခဲ့ပြီး ဆန်သစ်တစ်အိတ်လျှင် (၅၉၀၀၀)ကျပ်ဈေးနှုန်းဖြင့် ဈေးဖွင့်ရောင်းဝယ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)