ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်

Powered by Drupal

      ပြည်မြို့ရှိ ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျက်ရှိပြီး ပဲအရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရှိရပါသည်။

မတ်ပဲ

    ပြည်ကုန်စည်ဒိုင်တွင် အောက်တိုဘာလ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို ၉၃၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် ပိဿာ (၂၀) ဝင်အိတ် ၁၅၀ခန့်ရှိခဲ့ပါသည်။ နိုဝင်ဘာလ ပထမပတ်တွင် မတ်ပဲဈေးနှုန်းမြင့်တက်လာပြီး ပဲတစ်တင်းကို ၉၅၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် ပိဿာ (၂၀) ဝင်အိတ် (၁၅၀/ ၂၀၀) အိတ်ခန့်အဝယ်ရှိပါသည်။

ပဲစင်းငုံ

     အောက်တိုဘာလ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို ၉၃၀၀၀ကျပ်ဖြင့် တစ်ခါတရံသာ အရောင်းအဝယ်ဖြစ်ပြီး အဝယ်ဖြစ်လျှင် တစ်ရက်ကို ပိဿာ (၂၀) ဝင်အိတ် ၂၀၀အိတ်ခန့်အဝယ်ရှိပါသည်။ နိုဝင်ဘာလ ပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို ၉၃၀၀၀ကျပ်ဖြင့်ဈေးအေးနေပြီး တစ်ရက်လျှင် ပိဿာ (၂၀) ဝင်အိတ် (၁၀၀/၁၅၀) အိတ်ခန့် ရန်ကုန်အဝယ်ရှိပါသည်။

ကုလားပဲ

     အောက်တိုဘာလ စတုတ္ထပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၉၃၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၃၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်လျှင် ပိဿာ (၂၀) ဝင်အိတ် (၂၅၀/၃၀၀) အိတ်ခန့်အဝယ်ရှိပါသည်။ နိုဝင်ဘာလ ပထမပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၉၃၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၃၀၀၀ကျပ်ဖြင့်ဈေးအေးနေပြီး မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် ပိဿာ (၂၀) ဝင်အိတ် (၃၀၀/၃၅၀) အိတ်ခန့်ရှိပါသည်။

စားတော်ပဲ

     အောက်တိုဘာလ စတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို ၁၃၆၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် ပိဿာ (၂၀) ဝင်အိတ် (၂၀/၂၅) အိတ်ခန့်ရှိခဲ့ပါသည်။ နိုဝင်ဘာလ ပထမပတ်တွင် စားတော်ပဲ (ကျွန်း)တစ်တင်းကို ၁၃၆၀၀၀ကျပ်ဖြင့် တစ်ရက်လျှင် ပိဿာ (၂၀) ဝင်အိတ် ၂၅အိတ်ခန့် မြို့တွင်းအဝယ်ရှိပါသည်။

ပဲကြီး

   အောက်တိုဘာလ စတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ၁၁၈၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၁၁၅၀၀၀ကျပ်ဖြင့် ပဲကြော်သမားများ မြို့တွင်းအဝယ်ရှိခဲ့ပြီး တစ်ရက်လျှင် ပိဿာ (၂၀) ဝင်အိတ် (၂၀၀/၃၀၀)အိတ်ခန့်ရှိပါသည်။ နိုဝင်ဘာလ ပထမပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းကို ၁၁၅၈၀၀၀ကျပ်၊ ကုန်းပဲတစ်တင်းကို ၁၁၅၀၀၀ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများ တစ်ရက်လျှင် ပိဿာ (၂၀) ဝင်အိတ် ၃၀၀အိတ်ခန့်အဝယ်ရှိပါသည်။

ဘိုကိတ်

     ပြည်ကုန်စည်ဒိုင်၏ အောက်တိုဘာလ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၆၉၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် ပိဿာ (၂၀) ဝင်အိတ် ၁၀၀အိတ်ခန့်ရှိခဲ့ပါသည်။ နိုဝင်ဘာလ ပထမပတ်တွင် ဘိုကိတ်တစ်တင်းကို ၆၅၀၀၀ကျပ်ဖြင့်ဈေးကျခဲ့ပြီး တစ်ရက်လျှင် ပိဿာ (၂၀) ဝင်အိတ် (၅၀/၁၀၀)အိတ်ခန့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

     ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ကုလားပဲ၊ ပဲကြီးဈေးများမှာ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး စားတော်ပဲ၊ ပဲစင်းငုံတို့မှာ ဈေးအေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)