ပြည်ဈေးကွက်တွင် ကြက်သွန်ဖြူ/ အနီဈေးနှုန်းမြင့်တက်လာ

Powered by Drupal

    ယခု၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ပြည်ဈေးကွက်ရှိ စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်ဖြူဈေးနှုန်းမြင့်တက်လာပါသည်။ တရုတ်ဘက်သို့တင်ပို့သော ကြက်သွန်ဖြူမှာ လားရှိုး၊ မူဆယ်လမ်းကြောင်းမှ အဝင်ရှိသော်လည်း ယခုအခါ ကုန်စည်စီးဆင်းမှုမှာ ရပ်ဆိုင်းသွားသည့်အတွက် ရုတ်တရက်ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်ပါသည်။ ကုန်ပစ္စည်းအသစ်မဝင်‌ရောက်လာနိုင်သောကြောင့် လက်ကျန်သိုလှောင်ထားရှိသော ကုန်သည်များအနေဖြင့် ဈေးမြင့်တက်လာရခြင်းဖြစ်ကြောင်းသိရပါသည်။ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ယခင်အောက်တိုဘာလ နောက်ဆုံးပတ်တွင် ၈၀၀၀ကျပ်၊ ယခုနိုဝင်ဘာလ ပထမပတ်တွင် တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းမွှာ)ဈေးမှာ အောက်တိုဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ယခုနိုဝင်ဘာလ ပထမပတ်တွင် ၁၄၀၀၀ကျပ်၊ ကြက်သွန်နီအချောအသန့်ဈေးမှာ အောက်တိုဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၃၆၀၀ကျပ်၊ ယခုနိုဝင်ဘာလ ပထမပတ်တွင် တစ်ပိဿာလျှင် (၄၃၀၀/ ၄၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ရှိနေကြောင်းသိရပါသည်။

DOCA(ပဲခူး)