ကံမမြို့နယ်တွင် အများပြည်သူများထံသို့ စားသုံးဆီများသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမှု အခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားချက်ဖြင့် သရက်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ၏ စီမံပေးမှုအရ ကံမမြို့နယ်တွင် သရက်မြို့နယ်၊ ဆီကုန်သည်များက (၁၀-၁၁-၂၀၂၃) ရက်နေ့ (၃း၀၀)နာရီအချိန်တွင် ကံမမြို့ပေါ် အမှတ်(၁/၂/၃/၄)ရက်ကွက်များရှိ အိမ်ထောင်စု (၂၂၀၀)စုအတွက် စားအုန်းဆီ ပိဿာ(၂၂၀၀)ပိဿာအား သက်သာသောဈေးနှုန်းဖြစ်သည့် စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၅၅၀၀)ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။

   ထိုသို့ ရောင်းချပေးနေမှုအား ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအရာရှိများ၊ သရက်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံတို့က စားသုံးသူပြည်သူများအဆင်ပြေ ချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီဝယ်ယူရာ၌ စနစ်တကျရှိစေရန်အတွက် စားသုံးသူပြည်သူများအား တန်းစီစနစ်ဖြင့် ရောင်းချပေးခြင်းတို့ကို ကြီးကြပ်၍  ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)