လက်ကျန်ပြည်ပဲတီစိမ်းသီးနှံအနည်းငယ်ဖြင့်သာ ရောင်းဝယ်မှုဖြစ်

Powered by Drupal

   ပြည်ဈေးကွက်တွင် ပဲလက်ကျန်အနည်းငယ်ဖြင့်သာ ရောင်းဝယ်နေသောပဲတီစိမ်းသီးနှံမှာ နေ့စဉ်ရောင်းဝယ်မှုမဖြစ်တော့ဘဲ တစ်ခါတစ်ရံသာ ရောင်းဝယ်မှုဖြစ်သည်ဟုသိရပါသည်။ မိုးပဲတီစိမ်းများမှာ ဇူလိုင်လ၊ ဩဂုတ်လများတွင် အထွက်လှိုင်ချိန်ဖြစ်သောကြောင့် ဈေးကွက်အတွင်း ပဲအဝင်များပြီး အရောင်းအဝယ်သွက်ခဲ့သော်လည်း စက်တင်ဘာလမှစ၍ ပဲအဝင်ပါးသွားခဲ့ကာ အရောင်းအဝယ်လည်းအေးသွားခဲ့ပါသည်။ ပဲတီစိမ်းသီးနှံသည် မတ်ပဲသီးနှံကဲ့သို့ တစ်နှစ်တာလုံး ဈေးကွက်ရောင်းဝယ်နေကြသည့်သီးနှံမဟုတ်ဘဲ ပဲထွက်ပေါ်ချိန်ကာလများတွင်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ အောက်တိုဘာလ လယ်လောက်တွင် ဆောင်းပဲသစ်များ ဈေးကွက်သို့ဝင်ရောက်လာနိုင်ပြီး ယခုကာလတွင်မူ လက်ကျန်မိုးပဲတီစိမ်းအနည်းငယ်သာရောင်းဝယ်နေကြကာ တစ်တင်းလျှင် ၅၇၀၀၀ကျပ်ဖြင့် အခြားပဲများထက် ဈေးလျော့နည်းခဲ့သည့်အတွက် ယခုနှစ်ပဲဈေးကွက်၌ ပဲတီစိမ်းသီးနှံမှာ ဈေးကောင်းမရဘဲ ဈေးအေးခဲ့ကြောင်းသိရပါသည်။ ပဲတီစိမ်းသီးနှံကို ရန်ကုန်ဝယ်လက်ထက် မန္တလေးဝယ်လက်များက အဝယ်ပိုများကြောင်းသိရပါသည်။

DOCA(ပဲခူး)