ပြည်ပဲကြီးသီးနှံများ ဈေးကောင်းရနေကာ နေ့စဉ် အရောင်းအဝယ်ဖြစ်

Powered by Drupal

     ပြည်ပဲမျိုးစုံဈေးကွက်မှာ ဈေးအမြင့်ဖြင့် လက်လီ/လက်ကားရောင်းဝယ်နေကြသောပဲသီးနှံမှာ ပဲကြီးသီးနှံဖြစ်ခဲ့ပါသည်။ ပဲကြီးသီးနှံသည်ဒေသတွင်း ပဲကြော်ဖိုသမားများ အဓိကဝယ်ယူမှုရှိကြသောကြောင့် နေ့စဉ် ပုံမှန်ရောင်းဝယ်နေကြကြောင်းသိရှိရပါသည်။ ပဲကြီးသီးနှံမှာ ကမ်းနားပဲနှင့် ရွှေကျွန်းပဲဆိုပြီး (၂)မျိုးရှိရာ ရွှေကျွန်းပဲအမျိုးအစားမှာ ပို၍အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။ ပဲဈေးနှုန်းအနေဖြင့် (ရွှေကျွန်း)တစ်တင်းလျှင် ၁၁၈၀၀၀ကျပ်၊ ကမ်းနား တစ်တင်းလျှင် ၁၀၇၀၀ကျပ်တို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိကြကာ ပဲဈေးကွက်မှာ ပြည်ပဝယ်လိုအားရှိသော မတ်ပဲ၊ ပဲစင်းငုံသီးနှံများထက်ပင် ဈေးပိုရလျက်ရှိသည့်အပြင် ယခင်နှစ်၊ နိုဝင်ဘာလဆန်းရက်တွင် ရရှိခဲ့သောဈေးနှုန်းထက်လည်း ဈေးပိုရနေခဲ့ကြောင်းသိရပါသည်။ ယခင်နှစ်၊ နိုဝင်ဘာလအတွင်း ပဲကြီးသီးနှံဈေးမှာ တစ်တင်းလျှင် ၇၁၀၀၀ကျပ်မှ ၇၅၀၀၀ကျပ်အထိတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြသည်ဟုသိရပါသည်။

DOCA(ပဲခူး)