အထက်မင်းလှမြို့ပေါ်ရှိ အိမ်သုံးဆေးဝါးဈေးနှုန်းအခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပေါ်၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decolgen(၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၇၅၀)၊ Civit အလုံး(၁၀)ပါ တစ်ကတ်လျှင် ကျပ် (၃၀၀)၊ Paracetamol (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၃၀၀)၊ Biogesic(၁၀)လုံးပါ တစ်ကတ်လျှင် ကျပ် (၁၂၀၀)၊ Amoxicillin (500)ဂရမ် (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၀၀၀)၊ Enervon-C (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၄၀၀၀)၊ Bermeton အလုံး(၁၀)ပါ တစ်ကတ်လျှင် ကျပ်(၁၅၀)၊ Cetrine (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၂၅၀)၊ ဓါတ်ဆား MPF တစ်ထုတ်လျှင် ကျပ်(၃၅၀)၊ သီးစုံ ဓါတ်ဆား Royal-D တစ်ထုတ်လျှင် ကျပ်(၃၀၀)၊ Oramin-G (၅)လုံးပါ တစ်ကတ်လျှင် ကျပ်(၃၆၀၀)၊ Becozinc (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၄၄၀၀)၊ Vitahome (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၉၀၀)၊ SaRa(၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၁၂၀၀)၊ Solmux (၄)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၂၀၀)၊ Woods’ တစ်ဘူးလျှင် ကျပ်(၉၀၀၀)၊ Mexagrip (၆)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၃၀၀)၊ Zinc (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၆၀၀) ဈေးနှုန်းအသီးသီးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါ သည်။

   ယခုအချိန်အခါသည် မိုးအကုန်ဆောင်းအကူး ရာသီအကူးအပြောင်းကာလဖြစ်သောကြောင့် တုပ်ကွေးအဖြစ်များပြီးဖျားနာကြသဖြင့် အိမ်သုံးဆေးဝါးများ အဓိကဝယ်ယူလျက်ရှိကြောင်း ဆေးနှင့် ဆေးပစ္စည်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မကွေး)